ဂျော်ဒန်နိုင်ငံ ကုန်သိုလှောင်ရုံတစ်ခုအတွင်းရှိ လက်နက်ပစ္စည်းများ ပေါက်ကွဲ
11 Sep 2020 1,419 Views
ဂျော်ဒန်နိုင်ငံ၊ အမ္မန်မြို့အရှေ့ဘက် ၁၅ မိုင်အကွာရှိ၊ ဇာကာမြို့မှ သိုလှောင်ရုံတစ်ခုအတွင်းတွင် သိမ်းဆည်းထားသောလက်နက်ခဲယမ်းများ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုမှထွက်လာသည့် လောင်ကျွမ်းမှုက ကြီးမားခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးဒဏ်ရာရရှိမှု မသိရှိရသေးပါ။ စက်တင်ဘာလ ၁၁ ရက်နေ့ မနက်စောစောတွင် ဖြစ်ပွားခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို တွစ်တာအသုံးပြုသူ @saleh_montherက ရိုက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
photo credit
#popolay #popolaytv #news #Jordan