BEC-TERO TV

ရန်ကုန်မြို့ရှိ Fever Clinic များတွင် ကိုဗစ်ရောဂါအတွက် ဓာတ်ခွဲနမူနာရယူနိုင်ရန် ယနေ့စတင်

11 Sep 2020     1,374 Views


ရန်ကုန်မြို့ Fever Clinic များတွင် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိစစ်ဆေးနိုင်ရန် ဓာတ်ခွဲနမူနာ( Swab Test ) ရယူခြင်းများကို ယနေ့( စက်တင်ဘာလ ၁၁ရက်) က အင်းစိန်မြို့နယ်ရှိ Fever Clinic မှ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း Community Fever Clinic Network (ရန်ကုန်) မှ တာဝန်ခံ ဆရာဝန် ဒေါက်တာ ကျော်မင်းထွန်းက ပြောသည်။ ”ကျွန်တော်တို့ Fever Clinic မှာ Swab Test ယူတာ ဒီနေ့ အင်းစိန်နဲ့စပါပြီ။

မနက်ဖြန်နဲ့ သန်ဘက်ခါမှာ ဆရာဝန်တွေကို Training ပေးမယ်။ သေသေချာချာ ပိုးသတ်ထားတဲ့ အခန်း ၊ လုံးဝလုံလုံခြုံခြုံရှိတဲ့ အခန်း မျိုးနဲ့ Swab ယူတဲ့ Chamber ကနေ Swab ယူမယ်။ ကျွန်တော်တို့ Proper Training ပေးမယ်။ တနင်္လာ နေ့ Swab Test ထပ်ယူမယ် အခုလောလောဆယ် အင်းစိန်မှာ စနေတာဖြစ်တယ်။ အဆင်ပြေရင် အခြား မြို့နယ်မှာရှိတဲ့ Fever Clinic တွေမှာ ဆက်လုပ်သွားမယ်” ဟု ယင်းကပြောသည်။ အင်းစိန် Fever Clinic တွင် ဓာတ်ခွဲနမူနာယူခြင်းအတွက် ယနေ့ ကိုဗစ်သံသယလူနာ အယောက် ၂ဝဖြင့် စတင်ပြုလုပ်လျက်ရှိနေပြီး ၄င်းတို့၏ ဓာတ်ခွဲနမူနာအဖြေများကို ယနေ့ညပိုင်း ထုတ်ပြန်ချက် ( သို့မဟုတ်) စက်တင်ဘာလ ၁၂ရက် မနက်ပိုင်း ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ၊ အကယ်၍ ပိုးတွေ့ရှိပါက Covid-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)သို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ယင်းကပြော သည်။

ရန်ကုန်မြို့၌ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်မှုများလာသည့်အတွက် ကိုဗစ်စစ်ဆေး မှုများကို အရေ အတွက် များများပြုလုပ်နိုင်ရန် Fever Clinic များတွင် ဓာတ်ခွဲနမူနာ ရယူခြင်းကိစ္စရပ်များကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ကိုဗစ်ကာလ၌ ရန်ကုန်မြို့ရှိ Fever Clinic များသို့ လာရောက်ပြသသူများအား ကိုဗစ် သံသလူနာအဖြစ် တွေ့ရှိပါက သက်ဆိုင်ရာ ဆေးရုံများကို လွဲပြောင်းပေးနေရပြီး လက်ရှိ အင်းစိန် Fever Clinic အနေဖြင့် ဓာတ်ခွဲနမူနာရယူမှုများ အောင်မြင်ပါက မြို့နယ်တိုင်းရှိ Fever Clinic များတွင် လုပ်ဆောင်သွား မည်ဖြစ် ကြောင်း ဒေါက်တာကျော်မင်းထွန်းက ပြောသည်။

မိုင်းစောလွင်(Pyi Myanmar)

#popolay #popolaytv #news


11 Sep 2020     1,374 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS