BEC-TERO TV

ရန်ကုန်ဆေးရုံကြီးရှိ အထူးကုပြင်ပလူနာဌာနများ တစ်ရက်လျှင် လူနာ ၅၀ ခန့်သာ လက်ခံမည်

11 Sep 2020     1,418 Views


ရန်ကုန်ဆေးရုံကြီးရှိ အထူးကုပြင်ပလူနာဌာနများအနေဖြင့် ဌာနတစ်ခုစီတွင် တစ်ရက်ကို လူနာဦးရေ ၅၀ ခန့်သာ လက်ခံကုသပေး မည်ဖြစ်ကြောင်း အသိပေးထုတ် ပြန်ထားသည်။ COVID- 19 ရောဂါကူးစက် မှု ကာကွယ်ထိန်းချုပ်ရေးအတွက် စက်တင်ဘာ ၁ ရက်ကစတင်၍ အထူးကု ပြင်ပလူနာဌာနတိုင်း ယင်းကဲ့သို့ သတ်မှတ်ကြည့်ရှုပေး မည်ဖြစ်သည်။

ဖွင့်လှစ်ထားမည့်ဌာနများ မှာ အထွေထွေသမားတော် ဆေး ကုဌာန၊ အစာအိမ်နှင့် အူလမ်း ကြောင်းဌာန၊ နှလုံးဆေးကုဌာန၊ နှလုံးနှင့် သွေးကြောခွဲစိတ်ကု ဌာန၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ရောဂါကုဌာန၊ သွေးရောဂါဌာန၊ ကိုယ်ဝန်ဆောင် ဆီးချိုကုဌာနနှင့် လက်ပိုင်းဆိုင်ရာ ကုသဌာနတို့ ဖြစ်သည်။ အထွေထွေခွဲစိတ်ကုဌာန၊ ဆီးချိုသွေးချိုရောဂါကုဌာန၊ ရင် သားရောဂါဌာန၊ အပူပိုင်းနှင့် ကူးစက်ရောဂါ အထူးကုဌာန၊ အရိုးပွရောဂါကုဌာန၊ ဆီးချိုနှင့် ဆက်နွှယ်သော ခြေထောက်အနာ များ ကုသဌာန၊ စိတ်ကျန်းမာရေး ဌာန၊ အတက်ရောဂါကုဌာနတို့ ဖြစ်သည်။ ထို့အပြင် ဦးနှောက်နှင့် အာ ရုံကြောဆေးကုဌာန၊ စိတ်ကျန်း မာရေးဌာန၊ နှလုံးခုန်နှုန်းဆိုင်ရာ ရောဂါများ ဆေးကုဌာန၊ ဆေး ကုသဆောင်နှင့် ခွဲစိတ်ကုသ ဆောင်မှ ဆေးရုံဆင်းလူနာများ၊၊ ထိခိုက်ဒဏ်ရာနှင့် အရိုးအထူးကု ဌာနမှ ဆေးရုံဆင်းလူနာများအတွက် ဌာနများဖွင့်လှစ်ထားသည်။

ယင်းဌာနများကို ကင်ဆာ ဆေးသွင်းဌာနနှင့် အခြားသက် ဆိုင်ရာဌာနတို့တွင် ပြောင်းရွှေ့ ဖွင့်လှစ်ထားသည်။ ကင်ဆာဆေး သွင်းဌာနတွင် ဖွင့်လှစ်သည့်ဌာန များ၏ လူနာပြသချိန်များကို တနင်္လာမှ သောကြာအထိ နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိ လည်းကောင်း၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိလည်း ကောင်း သတ်မှတ်ထားသည်။ အခြားသက်ဆိုင်ရာဌာန များတွင် ဖွင့်လှစ်သည့်ဌာနများ၏ လူနာပြသချိန်များကို တနင်္လာမှ သောကြာအထိ နံနက် ၉ နာရီ၊ ၁၀ နာရီ၊ နေ့လယ် ၁ နာရီ စသဖြင့်သတ်မှတ်ထားပြီး အသေးစိတ်သိလိုပါက ရန်ကုန်ပြည်သူ့ဆေး ရုံကြီး (Yangon General Hospital)ဖေ့စ်ဘွတ်ခ်ပေ့ချ်တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

ယမင်း / 7 Day

#popolay #popolaytv #news


11 Sep 2020     1,418 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS