BEC-TERO TV

ခြံဝင်းထဲအိပ်ပျော်သွားသောအမျိုးသမီးတစ်ဦး၏ပါးစပ်ထဲသို့ မြွေ မတော်တဆဝင်သွားသောဖြစ်ရပ်

11 Sep 2020     1,595 Views


ရုရှားနိုင်ငံ၊ ဒါဂက်စ်တန်၊ လီဗာရှီမြို့မှာနေထိုင်သူအမျိုးသမီးတစ်ဦးသည် ကိုယ်ပိုင်ခြံဝင်းထဲက အိပ်ပျော်နေစဉ် ပါးစပ်ထဲအရာတစ်ခုခုဝင်သွားခဲ့ရာမှသတိမထားမိဘဲ နိုးထလာသောအချိန်မှာ နေထိုင်မကောင်းခံစားရ၍ ဆေးရုံသွားပြရန်ဆုံးဖြတ်လိုက်ပါ တယ်။

အနည်းငယ်ဖျားနာတာလောက်ပဲလို့ထင်ထားသောသူမသည် ဆေးရုံမှာ ဆရာဝန်များစစ်ဆေးကြည့်လိုက်တော့မှ သူမဝမ်းဗိုက်ထဲမှာ မူမမှန်သောတစ်စုံတစ်ခုတွေ့ရှိရကြောင့် ချက်ချင်းခွဲစိတ်ခန်းသို့ပို့ကာ မေ့ဆေးပေးပြီး ခွဲစိတ်ခဲ့ရာ ဆရာဝန် များထိတ်လန့်သွားရလောက်အောင် လည်ချောင်းကနေ မြွေတစ်ကောင်ကိုဆွဲထုတ်ယူခဲ့ ရပါတယ် ။ လည်ချောင်းကနေ မြွေတစ်ကောင်ကိုဆွဲထုတ်ယူခဲ့တဲ့ ရုပ်သံဖိုင်လည်း ထွက်ပေါ်ခဲ့ပါတယ်။

ဆရာဝန်မှ မှန်ပြောင်းကြိုးအရှည်တစ်ချောင်းကိုအသုံးပြုပြီး ကုတင်ပေါ်မှာလဲနေသောလူနာ၏ပါးစပ်ထဲကနေ ဆွဲထုတ်ယူနေကာ ကြိုးအဖျားမှာ ၁၂၀ စင်တီမီတာခန့်ရှည်လျားသော မြွေတစ်ကောင် ထွက်လာတာတွေ့ရှိရပါတယ်။ ခွဲစိတ်ခန်းထဲရှိတဲ့ ဆရာဝန်ဆရာမများအားလုံးကလန့်သွားကြပြီး ဇလုံထဲသို့ထည့်ထားလိုက်ပါတယ်။ မြွေဟာ ထို အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲဘယ်လိုဝင်ရောက်သွားသလဲဆိုတာက ဖော်ပြမထားခဲ့ကြပါ ။ လူအများစုရဲ့ ခန့်မှန်းချက်ကတော့ သူမခြံဝင်းထဲအိပ်ပျော်နေစဉ်မှာ သူမသတိမထားမိဘဲ ပါးစပ်ထဲသို့ဝင်ရောက်သွားနိုင်ကြောင်း မှတ်ချက်ပေးကြပါတယ်။

ဒါဂက်စ်တန်ကျန်းမာရေးဝန်ကြီးဌာနက ယင်းရုပ်သံဖိုင်နှင့်ပတ်သက်ပြီး မူရင်းတည်နေရာအတိအကျကို အတည်မပြုနိုင်သေးကြောင်းနှင့် စုံစမ်းစစ်ဆေးရန်အတွက် အလျင်အမြန်လုပ်ဆောင်နေကြောင်း ဆိုထားပါတယ်။ လီဗာချင်စကီခရိုင်ဆေးရုံညွှန်ကြားရေးမှူး ဆရာဝန်မ အပ်ဒူရာချီဒိုဗာ ၏ပြောကြားချက်အရ သူမရဲ့ဆေးရုံဆေးခန်းအတွင်းမှာ ယင်းလူနာလာရောက်ခွဲစိတ်ကုသမှု မရှိခဲ့ကြောင်းဟု ဆိုထားပါတယ်။ ဤသတင်းအွန်လိုင်းမှာပျံ့နှံ့သွားပြီးနောက် လူတော်တော်များများစိတ်ဝင်စားပြီး၊ ကျယ်ကျယ်ပြန့်ပြန့် ထင်မြင်ချက်တွေပေးသွားခဲ့ကြပါတယ်။

တချို့ကလည်း အဲ့ဒါဟာ သန်ကောင်၊ ကပ်ပါးကောင်များသာဖြစ်ပြီး မြွေမဟုတ်လောက်ဘူးလို့ ဆိုပါတယ်။ သို့သော် အမြင်မတူတဲ့ တချို့တွေကကြတော့ အဲ့ဒါဟာ သန်ကောင်ထက် အရွယ်အစားပိုကြီးတယ်၊ ရှည်လည်းပိုရှည်တယ် သန်ကောင်မဖြစ်နိုင်ဘူးလို့ပြောခဲ့သူတွေလည်း ရှိပါတယ်။ တချို့တွေကလည်း ဤကဲ့သို့သောအဖြစ်အပျက်မျိုး အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ ထို့ကြောင့် လူကြီးတွေက လူငယ်တွေကို မလုံခြုံတဲ့အိမ်အပြင်ဘက်တွေမှာ ခဏတဖြုတ်လဲအိပ်တာ သတိထားရန်အကြိမ်အကြိမ်သတိပေးလျက်ရှိနေတာပါ။ အထူးသဖြင့် ပါးစပ်ထဲမြွေများမဝင်ရန် မြက်ပင်များတဲ့နေရာ၊ ခြုံထူတဲ့နေရာမျိုးတွေမှာ များများသတိထားသွားလာကြရန်ဖြစ်ပါတယ်။

#popolaytv #popolay #popolaynews


11 Sep 2020     1,595 Views




RELATED

Most Popular of International News

Most Popular of NEWS