ကိုဗစ်-၁၉ လူနာသစ် ၁၁၅ ဦးထပ်မံတွေ့ရှိ၊ စုစုပေါင်း လူနာ ၂,၂၆၅ ဦးရှိလာ
11 Sep 2020 1,357 Views
ဓာတ်ခွဲနမူနာ ၁,၃၇၀ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၁၅ ဦးတွေ့ရှိခဲ့ပြီး နိုင်ငံတဝန်း စုစုပေါင်းလူနာ ၂,၂၆၅ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၀၀၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) က ၁၁၉ ခု၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးက ၈၁ ခု၊ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးက ၅၈ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ က ၂၃ ခု၊ ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးက ၅ ခု၊ မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးက ၃ ခု၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးက ဓာတ်ခွဲနမူနာ ၁၁ ခု၊ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးက ၉ ခု၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးက ၃ ခု၊ မြဝတီမြို့ ပြည်သူ့ဆေးရုံကြီးက ၉ ခု၊ တာချီလိတ်မြို့ ပြည်သူ့ဆေးရုံကြီးက ၁၆ ခု၊ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးက ၂ ခု၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးက ၈ ခုနဲ့ ဗန်းမော်မြို့ ပြည်သူ့ဆေးရုံကြီးက ၁၈ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၃၇၀ ခုတို့အား ဒုတိယသုတ်အဖြစ် ထပ်မံစစ်ဆေးပြီးစီးခဲ့ပြီး ကိုဗစ်-၁၉ လူနာသစ် ၁၁၅ ဦးတွေ့ရှိခဲ့တာပါ။
မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ စုစုပေါင်း ၂,၀၄၇ ခုအား စစ်ဆေးရာမှာလည်း လူနာသစ် ၁၄၂ ဦး တွေ့ရှိတာကြောင့် စုစုပေါင်း ၂၄ နာရီအတွင်း ၂၅၇ ဦး တွေ့ရှိခဲ့တာပါ။ လူနာသစ်တွေရဲ့ သတင်းအချက်အလက်တွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၂၆၅ ဦး၊ သေဆုံးသူ ၁၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၆၂၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၂၉ ဦး ရှိပါတယ်။