BEC-TERO TV

ရန်ကုန်မြို့သစ်စီမံကိန်း လေလံခေါ်ရေး ပွင့်လင်းမြင်သာမှုရှိအောင် ဂျာမန်ကုမ္ပဏီ ပါဝင်ဆောင်ရွက်မည်

10 Sep 2020     1,679 Views


အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကုန်ကျမယ့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါအသစ်တွေခေါ်ယူရေးဂျာမနီ စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီကြီးတခုဖြစ်တဲ့ Roland Berger ကိုမြန်မာက ငှားရမ်းလိုက်ပါတယ်။ ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုချက်နဲ့ ဖွဲ့စည်းထားတဲ့ NYDC ရန်ကုန်မြို့သစ်စီမံကိန်း ဖွံဖြိုးရေး ကုမ္ပဏီ က ရန်ကုန်မြစ် အနောက်ဖက်ကမ်းမှာ မြို့ပြတည်ဆောက်မယ့် စီမံကိန်းအတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို တင်ဒါခေါ်ယူဖို့ လေလံပစ်ရာမှာ ပွင့်လင်းမြင်သာမှုရှိအောင် အခုလို Roland Berger ဂျာမနီကုမ္ပဏီကို ငှားရမ်းခဲ့တာလို့ ဆိုပါတယ်။

NYDC ဟာမြေဧကပေါင်း ၂၀၀၀၀ အကျယ်အဝန်းရှိတဲ့ ရန်ကုန်စက်မှုဇုံ စီမံကိန်းကို တရုတ်အစိုးရပိုင် ဆက်သွယ်ရေးနဲ့ တည်ဆောက်ရေး ကုမ္ပဏီ CCCC တခုတည်းနဲ့ပဲ ပူးပေါင်းပြီးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီစက်မှုဇုံစီမံကိန်းအတွက် အပြိုင်အဆိုင် တင်ဒါခေါ်ယူခြင်း မရှိတာ၊ တရုတ်ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်ရာမှာ ပွင့်လင်းမြင်သာမှုမရှိတာတွေကြောင့် ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် အခုလို ကြီးမားလှတဲ့ မြို့ပြစီမံကိန်းအတွက် အငယ်စားစီမံကိန်းတွေ အဖြစ်ခွဲပြီး ရင်နှီးမြှုပ်နှံမယ့်သူတွေကို ဈေးပြိုင် တင်ဒါနဲ့ ခေါ်ယူရေး လမ်းပွင့်သွားအောင် မြန်မာအစိုးရက စီစဉ်ဆောင်ရွက်ခဲ့တာပါ။ CCCC တရုတ်ကုမ္ပဏီကြီးက ၂၀၁၈ခုနှစ်မှာ အဆိုပြုခဲ့တဲ့ ၁.၅ ဘီလီယံကုန်ကျမယ့် ရန်ကုန်မြို့သစ်စီမံကိန်းကို အခုတော့ အခြား နိုင်ငံတကာကုမ္ပဏီတွေပါ ဝင်ရောက်ယှဉ်ပြိုင် လေလံဆွဲဖို့ ဖိတ်ခေါ်မှာဖြစ်ပါတယ်။

တကယ်လို့ ဒီလို ဈေးပြိုင်ခေါ်ယူမယ့် တင်ဒါစနစ်က အောင်မြင်မယ်ဆိုရင် အနိုင်ရမယ့် ကုမ္ပဏီက မူလ လေလံဆွဲသူရဲ့ ကုန်ကျစရိတ်တွေကို ပြန်ပေးရမယ်လို့ ဆိုပါတယ်။ မြန်မာက ငှားရမ်းလိုက်တဲ့ ဂျာမနီနိုင်ငံ မြူးနစ်အခြေစိုက် Roland Berger ကုမ္ပဏီကနေ စီမံကိန်း အငယ်စားတွေအဖြစ် ခွဲထုတ်တာ၊ တင်ဒါခေါ်ယူဖို့ စတဲ့ကိစ္စတွေအတွက် စီမံဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ပထမ အဆင့် အဖြစ် ၃ စတုရန်းကီလိုမီတာ အကွာအဝေးရှိမယ့် စက်မှုဇုံနဲ့ ရန်ကုန်မြို့သစ်ကြား မြစ်ကိုဖြတ်ပြီး ဆက်သွယ်မယ့် တံတားတည်ဆောက်ရေး စီမံကိန်းဖြစ်ပါတယ်။

ဒါအပြင် မြို့သစ်စီမံကိန်းကြောင့် နေအိမ်တွေ ရွှေ့ပြောင်းခံရသူတွေအတွက် ၉စတုရန်း ကီလိုမီတာ ကျယ်ဝန်းတဲ့ နေအိမ်အဆောက်အဦ စီမံကိန်းလည်း ပါဝင်မှာဖြစ်ပြီး အဲဒီအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

VOA

#popolay #popolaytv #news #Yangon #Project


10 Sep 2020     1,679 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS