BEC-TERO TV

ကိုဗစ်ကာကွယ်ဆေး တရုတ်စတင်အသုံးပြုပြီးနောက် မြန်မာအပါအဝင် အာဆီယံနိုင်ငံများ၏ လိုအပ်ချက်ဦးစားပေးမည်၊ တရုတ်-အာဆီယံကာကွယ်ဆေးမိတ်ဆွေအဖွဲ့ ဖွဲ့မည်

10 Sep 2020     1,433 Views


တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေး စတင်အသုံးပြုပြီးနောက် မြန်မာအပါအဝင် အာဆီယံနိုင်ငံများ၏ လိုအပ်ချက်အတွက် ဦးစားပေးမည်ဖြစ်ပြီး တရုတ်-အာဆီယံ ကာကွယ်ဆေး မိတ်ဆွေအဖွဲ့ဖွဲ့စည်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးMr. Wang Yi သည်၂၀၂၀ပြည့်နှစ်စက်တင်ဘာလ၉ရက်နေ့တွင်တရုတ်-အာဆီယံ (10+1) နိုင်ငံခြားရေးဝန်ကြီးများVideo Conference သို့တက်ရောက်ခဲ့စဉ် ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

Mr. Wang Yi ကတရုတ်နိုင်ငံသည်အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူCOVID-19 ကပ်ရောဂါအခြေအနေအသစ်ကိုအခြေခံပြီးကပ်ရောဂါအလွန်ကာလကူးလူးဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကိုတက်တက်ကြွကြွဖော်ဆောင်ကာနိုင်ငံတကာနှင့်ဒေသတွင်းစိန်ခေါ်မှုများကိုအတူတကွရင်ဆိုင်၍ပိုမိုရင်းနှီးသည့်ကံကြမ္မာတူအသိုက်အဝန်းကိုတည်ဆောက်လိုကြောင်း ပြောဆိုသည်။ တရုတ်နိုင်ငံက “တရုတ်-အာဆီယံအများပြည်သူကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုအဆိုပြုချက်”ကိုတင်ပြလိုကြောင်း၊COVID-19 ကပ်ရောဂါကာကွယ်ဆေးစတင်အသုံးပြုပြီးနောက်အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏လိုအပ်ချက်ကိုဦးစားပေးစဉ်စားပေးပြီး “တရုတ်-အာဆီယံကာကွယ်ဆေးမိတ်ဆွေ”ဖွဲ့ကာသတင်းအချက်အလက်မျှဝေမှုနှင့်ကာကွယ်ဆေးထုတ်လုပ်မှု၊သုတေသနပြုမှု၊အသုံးပြုမှုတွင်ပူးပေါင်းဆောင်ရွက်မှုအားတိုးမြှင့်မည်ဖြစ်ကြောင်း၊အာဆီယံကပ်ရောဂါတိုက်ဖျက်ရေးရန်ပုံငွေအတွက်အရင်းအနှီးထောက်ပံ့ပေးပြီးအရေးပေါ်ဆေးကုသရေးပစ္စည်းသိုလှောင်ဂိုဒေါင်အတူတကွတည်ဆောက်ကာတရုတ်-အာဆီယံအများပြည်သူကျန်းမာရေးအရေးပေါ်ဆက်သွယ်ရေးယန္တရားကိုထူထောင်မည်ဖြစ်ကြောင်း၊ကျန်းမာရေးပိုးလမ်းမကြီးလူရည်ချွန်မွေးထုတ်ရေးစီမံကိန်းကိုတွန်းအားပေးဖော်ဆောင်၍ပိုမိုများပြားသည့်ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းများထူထောင်ရန်ဆွေးနွေးမည်ဟုMr. Wang Yiက ပြောဆိုသည်။

Credit

#popolay #popolaytv #news #China #Asean


10 Sep 2020     1,433 Views




RELATED

Most Popular of International News

Most Popular of NEWS