အိမ်သာတက်ရင်း အိမ်သာခွက်ထဲက မြွေ အကိုက်ခံရသောဖြစ်ရပ်
10 Sep 2020 1,587 Views
လွန်ခဲ့သောရက်ပိုင်းက ထိုင်းနိုင်ငံ၊ နွန်ထဘူရီစီရင်စု၊ ဘန်းယိုင်ခရိုင်၊ ည ၈ နာရီအချိန်တွင် နှစ်ထပ်အိမ်တစ်လုံးရှိနေထိုင်သူ အသက် ၁၈ နှစ်အရွယ်လူငယ်ကောင်လေးတစ်ဦးသည် အိမ်အောက်ထပ်ရှိအိမ်သာထဲ အိမ်သာတက်နေစဉ် သတိမထားမိဘဲ အိမ်သာခွက်ထဲကမြွေတစ်ကောင်ဟာ သူ၏လိင်အင်္ဂါကို မတော်တဆကိုက်သွား၍ သွေးများထွက်ကာ မိခင်ဖြစ်သူက ကယ်ဆယ်ရေးသမားများကို ဖုန်းဆက်အကူအညီတောင်းခံလိုက်ကြောင်း သိရှိရပါတယ်။
ကယ်ဆယ်ရေးသမားများရောက်ရှိသွားသောအခါ အိမ်သာအတွင်းမှာ သွေးစက်များပေကျန်နေတာတွေ့ရှိရပြီး၊ အိမ်သာခွက်ထဲမှာ ၁ မီတာခန့်ရှည်သော စပါးအုံးမြွေတစ်ကောင်ဖြစ်နေပါတယ်။ ထို့နောက် အချိန်တိုအတွင်းမှာပဲ မြွေကိုဖမ်းဆီးရမိပြီး၊ လူနာကိုတော့ ဆေးရုံသို့ပို့ဆောင်ကာ ကံကောင်းထောက်မစွာဖြင့် ကြီးကြီးမားမားဒဏ်ရာမရှိဘဲ ၃ ချက်သာချုပ်လိုက်ရကြောင်း သိရှိရပါတယ်။
အိမ်သာခွက်အတွင်း မြွေဘယ်လိုဝင်သွားရသလဲဆိုတာ စစ်ဆေးကြည့်သောအခါမှာ ခြံဝင်းမှာလည်း သစ်ပင်များထူထူထပ်ထပ်မရှိခဲ့ဘဲ ရေပိုက်လိုင်းတွေကနေတက်လာတာဖြစ်နိုင်ကြောင်း တွက်ချက်ကြပါတယ်။ ထို့ကြောင့် အိမ်သာသွားတိုင်းမှာ အရင်ဦးဆုံး မီးလင်းနေအောင်မီးအရင်ဖွင့်ပါ၊ အန္တရာယ်ရှိအကောင်များရှိ/မရှိ စစ်ဆေးကြည့်ပါ။ အထူးသဖြင့် အခုလိုမျိုး စိုစွတ်သောမိုးရာသီတွေမှာ တွားသွားသတ္တဝါများ၏အန္တရာယ်ရှိသောကြောင့် အထူးသတိပြုသွားလာရန် သေချာသတိထားသင့်ကြောင်း ဆရာဝန်များကအကြံပြုထားပါတယ်။
#popolay #popolaytv #popolaynews