BEC-TERO TV

မန်းမြန်မာပလာဇာက အလှကုန်ပစ္စည်းအရောင်းဆိုင်ရဲ့ အရောင်းဝန်ထမ်းမှာပိုးတွေ့

10 Sep 2020     1,528 Views


မန္တလေးစျေးချို ၊ မန်းမြန်မာပလာဇာက အလှကုန်ပစ္စည်းအရောင်းဆိုင်ရဲ့ကုမ္ပဏီဝန်ထမ်းအမျိုးသမီး ထံမှာ ပိုးတွေ့ရတဲ့အတွက် စျေးပိတ်ဖို့ ရှိမရှိကို ညှိနှိုင်းနေတယ်လို့သိရပါတယ်။ အသက် ၃၄ နှစ်အရွယ် ဒီအမျိုးသမီးဟာ အနံမရတဲ့အတွက် စက်တင်ဘာလ ၈ ရက်မှာ မန္တလေး ဆေးရုံကြီး ကိုလာရောက်ပြသခဲ့တာလို့ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးကပြောပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၉ ရက်မှာပိုးတွေ့ခဲ့လို့ ကန်တော်နဒီ ကူးစက်ရောဂါကုဆေးရုံကို ပို့ဆောင်ထားရပါတယ်။ ဒီအမျိုးသမီးဟာ မန်းမြန်မာပလာဇာမှာစက်တင်ဘာလ ၆ ရက်အထိ စျေးရောင်းခဲ့တယ်လို့ အဆင့်မြင့်ဈေးချိုတော်နဲ့ တိုက်တန်းကြီးစျေးအကျိုးတော်ဆောင်အဖွဲ့၊ အတွင်းရေးမှူး ဦးမင်းမင်းကပြောပါတယ်။ ဒါကြောင့် လူနာနဲ့ ထိတွေ့မှုရှိခဲ့သူ ဝန်ထမ်း အချို့ကို နဲ့ မိသားစုဝင်ငါးဦး Quarntine ထားရှိကာ ဓာတ်ခွဲနမူနာ စစ်ဆေးသွားမယ်လို့သိရပါတယ်။

ပိုးတွေ့လူနာ အလုပ်လုပ်ကိုင်ခဲ့တဲ့ ဈေးဆိုင်ကိုတော့ ပိုးသတ်ဆေ းဖြန်းတာတွေ၊ ပိတ်ထားတာပြုလုပ်ထားတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်ဦး ကျော်ဆန်းမြင့် ကဆိုပါတယ်။ ဒါအပြင် စျေးပိတ်ဖို့ ရှိ မရှိကို သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ညှိနှိုင်းဆဲသာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မန္တလေးတိုင်းမှာ ပိုးတွေ့လူနာ ၆၅ဦးအထိရှိနေပါပြီ။

ဖြိုးဖြိုးဇော်/7 Day

#popolay #popolaytv #news #မန္တလေး #ကိုဗစ် #Covid19


10 Sep 2020     1,528 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS