မြို့နယ်အလိုက် ကျန်းမာရေးစစ်တမ်း ကောက်ယူခြင်းလုပ်ငန်းများ ရပ်ဆိုင်းထားရန် ပြန်လည်ညွှန်ကြား
10 Sep 2020 1,372 Views
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုးတွေ့လူနာအများဆုံးတွေ့ရသော မြို့နယ်များတွင် ရောဂါခြေရာခံ စစ်တမ်းကောက်ယူခြင်းကို အမိန့်ညွှန်ကြားချက်တစ်စုံတစ်ရာ ထပ်မထုတ်မီအထိ ရပ်ဆိုင်းထားရန် တိုင်းဒေသကြီး အစိုးရနှင့် တိုင်းကျန်းမာတို့က ပြန်လည်ညွှန်ကြားလိုက်ကြောင်း သက်ဆိုင်ရာမြို့နယ် အာဏာပိုင် များက အတည်ပြုပြောကြား သည်။
စစ်တမ်းကောက်ယူမှု ပြု လုပ်ရန် လျာထားသည့် တောင် ဥက္ကလာပ၊ ဒဂုံမြို့သစ်မြောက် ပိုင်း၊ မြောက်ဥက္ကလာပ စသည့်မြို့နယ်များသို့ ယမန်နေ့က တရားဝင် အကြောင်းကြားခြင်း ဖြစ်သည်ဟု ဒေသအာဏာပိုင်များက ဆို သည်။ ‘‘ကျွန်မတို့ဆီကို စက်တင် ဘာ ၉ ရက် နေ့လယ်ပိုင်းကပဲ ထွေ အုပ်လိုင်းကနေ စာဝင်လာပါ တယ်။ လတ်တလောမှာ အစီအ စဉ်အားလုံးကို ရပ်ဆိုင်းထားဖို့အကြောင်းကြားလာတာ ဖြစ်ပါတယ်’’ဟု တောင်ဥက္ကလာပမြို့ နယ် ကျန်းမာရေးဦးစီးမှူးနှင့် မြို့ နယ် ကိုဗစ်ကော်မတီအတွင်းရေး မှူး ဒေါက်တာအေးမိုးက ပြော သည်။
တောင်ဥက္ကလာပမြို့နယ် တွင် ရခိုင်ပြည်နယ်မှ ပြန်ရောက် လာပြီး COVID-19 ရောဂါတွေ့ရှိ သူများ အပါအဝင် ပြည်တွင်းကူး စက်မှုများ တွေ့ရှိခဲ့ရာ ယမန်နေ့ နံနက်ပိုင်းအထိ ပိုးတွေ့လူနာ ၄၀ ကျော်ရှိပြီဖြစ်သည်။ ထို့ကြောင့် မြို့နယ်အတွင်း နေထိုင်လျက်ရှိသော ပြည်သူများ အား ပြင်ပရောဂါလက္ခဏာစစ် ဆေးခြင်းနှင့် ခရီးသွားရာဇဝင်များ မှတ်တမ်းရယူခြင်းတို့ ပြုလုပ်ရန် စက်တင်ဘာ ၁၀ ရက် (ယနေ့)အား လျာထားခဲ့ရာ ရပ်ဆိုင်းရန် အမိန့်ကြောင့် ဆက်လက်လုပ် ဆောင်ရန် မရှိတော့ဟု ဒေါက် တာအေးမိုးက ရှင်းပြသည်။
ထို့အပြင် ကျန်းမာရေးဆိုင် ရာ ပြင်ပရောဂါလက္ခဏာများ စစ်တမ်းကောက်ရန် စက်တင်ဘာ ၁၄ ရက်တွင် ပြုလုပ်မည်ဟု လျာ ထားခဲ့သော ဒဂုံမြို့သစ်မြောက် ပိုင်းမြို့နယ်တွင်လည်း တိုင်း အစိုးရနှင့် တိုင်းကျန်းမာရေး၏ ညွှန်ကြားချက်ကြောင့် စစ်တမ်း ကောက်ယူမည့်အစီအစဉ် ပျက် သွားပြီဖြစ်ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကိုဗစ် ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးက ဆိုသည်။ ‘‘ကျွန်တော်တို့ အစီအစဉ် အားလုံးပျက်သွားပါပြီ။ တိုင်း အစိုးရနဲ့ ကျန်းမာရေးဘက်က ညွှန်ကြားလာတဲ့အတွက် မလုပ်ဖြစ် တော့ပါဘူး။ နောက်ထပ်အမိန့် တစ်စုံတစ်ရာ ထပ်မထွက်မချင်း အစီအစဉ်ရပ်ဆိုင်းထားမှာ ဖြစ်ပါ တယ်’’ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းအတွင်း တာ မွေမြို့နယ်နှင့် စမ်းချောင်းမြို့နယ် တွင်မူ စစ်တမ်းကောက်ယူသည့် အစီအစဉ်ရပ်ဆိုင်းရန် ညွှန်ကြား ချက်မထွက်မီ ယမန်နေ့ နံနက် ပိုင်းတွင် ပိုးတွေ့လူနာအများဆုံး တွေ့ရှိသော ရပ်ကွက်နှင့် လမ်း များ၌ ဒေသခံများ၏ ပြင်ပရောဂါ လက္ခဏာများ စစ်တမ်းကောက် ယူခြင်းကို လုပ်ဆောင်ခဲ့သည်။ ‘‘ကျွန်တော်တို့ မြို့နယ်ထဲက ရပ်ကွက် ၂၀ မှာ ၁၀ ရပ်ကွက်ကို ရွေးပြီးတော့ လိုက်စစ်ပါတယ်။ တိုင်းကျန်းမာလည်းပါတယ်။ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ လည်းပါတယ်။ အဓိကကတော့ ပိုးတွေ့လူနာများတဲ့ ရပ်ကွက်တွေကို တိုင်းကျန်းမာရဲ့ အစီအစဉ်နဲ့ပဲ ရွေးချယ်ဆောင်ရွက်တာ ဖြစ်ပါတယ်’’ဟု တာမွေမြို့နယ် တိုင်းလွှတ်တော်အမတ် ဦးလှသိန်းကပြောသည်။
စစ်တမ်းကောက်ယူမှုကို မေတ္တာညွန့်၊ ကျောက်မြောင်း၊ နတ်ချောင်း၊ မလွှကုန်းဌေးကြွယ်၊ ကျောက်မြောင်းကြီး၊ ကျောက် ထက်၊ ပုသိမ်ညွန့် စသည့်ရပ်ကွက် များရှိ လူဦးရေတစ်သိန်းဝန်းကျင် ကို ကောက်ယူခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ စမ်းချောင်းမြို့နယ်အတွင်း ပြင်ပရောဂါလက္ခဏာနှင့် ခရီး သွားမှတ်တမ်းများ စစ်တမ်း ကောက်ယူခြင်းကို မြို့နယ်အုပ် ချုပ်ရေးမှူး ဦးကျော်ကျော်က ‘‘တစ်မြို့နယ်လုံးဆိုရင် ရပ်ကွက် ပေါင်း ၁၈ ရပ်ကွက်ရှိတယ်။ အဲဒီအထဲက ၁၀ ရပ်ကွက်ကျော်ကျော်လောက် ကောက်မှာ ကောက်တာဖြစ်ပါတယ်။
မနက်ပိုင်းအထိတော့ ကျန်းမာရေးဝန်ထမ်း တစ်ရပ်ကွက်ကို သုံးဦးစီပါတယ်။ နေ့လယ်ပိုင်းမှာတော့ ကျန်းမာရေးဝန်ထမ်းတွေ မပါတော့ဘူး’’ဟု ပြောသည်။ တိုင်းကျန်းမာရေးက ၎င်းတို့ ဝန်ထမ်းများကို စစ်တမ်းကောက် သည့်လုပ်ငန်းတွင် ခေါ်ယူအသုံးမပြုရန် အကြောင်းကြားမှုရှိသဖြင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် အခြားသောဌာနဆိုင်ရာ ဝန်ထမ်းများဖြင့်သာ ဆက်လက် ကောက်ယူခဲ့ရသည်ဟု အုပ်ချုပ် ရေးမှူး ဦးကျော်ကျော်ကဆိုသည်။
အထက်ပါ အစီအစဉ်များအတိုင်း ရပ်ကွက်နှင့်လမ်းများအ တွင်း အပူချိန်တိုင်းခြင်း ပြင်ပ ရောဂါ လက္ခဏာစစ်ဆေးခြင်း စသည့်လုပ်ဆောင်မှုများတွင် လူ စုလူဝေး ဖြစ်ပေါ်စေသည်ဖြစ်၍ ယင်းအစီအစဉ်ကို ယခုလို ပြည် တွင်းကူးစက်မှုများ တွေ့ရချိန် တွင် လုပ်ဆောင်ရန်မသင့်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
မင်းလွင် / 7 Day
#popolay #popolaytv #news