BEC-TERO TV

သမ္မတအိမ်တော်က အရာရှိတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

09 Sep 2020     1,424 Views


နိုင်ငံတော်သမ္မတအိမ်တော်၌ တာဝန်ထမ်းဆောင်နေသည့် အရာရှိတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက အတည်ပြုသည်။ “သမ္မတရုံးထဲက အရာရှိတစ်ယောက်ပါတယ်လို့တော့ ပြောလို့ရပါတယ်”ဟု ၎င်းက ပြောသည်။ ၎င်းနှင့် ဆက်စပ်သူများကို လိုက်လံစုံစမ်းလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ထို့အပြင် သမ္မတအိမ်တော်ကို Lockdown ချသွားမည်မဟုတ်ဘဲ အတည်ပြုလူနာနှင့် ဆက်စပ်သည့် ရုံးခန်းနေရာအချို့ကိုသာ ပိတ်ပင်သွားမည်ဖြစ်ဟု ၎င်းကရှင်းပြသည်။ သို့သော် လက်ရှိအချိန်အထိ သမ္မတရုံးက ပိုးတွေ့လူနာနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ ယနေ့နံနက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် နေပြည်တော်ရှိဗမ္ဗူသီရိမြို့နယ်၌ နေထိုင်သူတစ်ဦးတွင် ပိုးတွေ့ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

Credit


09 Sep 2020     1,424 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS