BEC-TERO TV

ရခိုင်ပြည်နယ်မှ ဒီချုပ်လွှတ်တော်အမတ်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

09 Sep 2020     1,471 Views


ဂွမြို့နယ်မှ ပြည်နယ် လွှတ်တော်အမတ်တစ်ဦး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြသန်းက အတည်ပြုပြောကြား သည်။ အဆိုပါ ရောဂါကူးစက်ခံရ သော လွှတ်တော်ကိုယ်စားလှယ် မှာ ဒီချုပ်ပါတီမှ ဂွမြို့နယ်မဲဆန္ဒ နယ်အမှတ်(၁) ပြည်နယ်လွှတ် တော်အမတ်တစ်ဦး ဖြစ်သည်ဟု ၎င်းကဆိုသည်။ ‘‘ကျန်းမာရေးဘက်က ကျွန် တော်တို့ဆီကို နေ့လယ်ပိုင်း လောက်မှာ အကြောင်းကြားလာ ပါတယ်။ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးမှာ ပိုးတွေ့တာဖြစ် လို့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်ခွင့်ပြုဖို့ ဖြစ်ပါတယ်။

ဒီညနေ(စက်တင်ဘာ ၈ ရက်)က ပဲ အဲဒီကိုယ်စားလှယ်ကို စစ်တွေ ဆေးရုံကြီးဆီ လာခေါ်သွားပါပြီ’’ ဟု ဦးမြသန်းကပြောသည်။ ဒုတိယအကြိမ် ရခိုင်ပြည် နယ် လွှတ်တော် (၁၄)ကြိမ်မြောက်အစည်းအဝေးကို သြဂုတ် ၁၈ရက်က ကျင်းပခဲ့ရာ အထက်ပါ လွှတ်တော်ကိုယ်စားလှယ်မှာ အစည်းအဝေး တက်ရောက်ခဲ့သည်ဟု ၎င်းကပြောသည်။ ထိုအစည်းအဝေးကို COVID-19 ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေ များကြောင့် ၁၈ ရက်နေ့တစ်ရက် သာ ကျင်းပခဲ့ပြီး ရက်အကန့်အ သတ်မရှိ ရွှေ့ဆိုင်းခဲ့ရာ ကိုယ်စား လှယ်အချို့မှာ လွှတ်တော်အ ဆောင်၌ နေထိုင်ခဲ့ကြရာမှ စက် တင်ဘာ ၈ ရက်နေ့ နံနက်က ဓာတ်ခွဲနမူနာစစ်ဆေးရာတွင် အ ထက်ပါအတိုင်း ကိုယ်စားလှယ် တစ်ဦး၌ ပိုးတွေ့ခြင်းဖြစ်သည်ဟု ဦးမြသန်းက ရှင်းပြသည်။

ကာယကံရှင်ဖြစ်သော လွှတ်တော်အမတ် ဦးစိုးဝင်းက ‘‘ကျွန် တော် အပါအဝင် အဆောင်မှာ သောင်တင်နေတာ အားလုံး ခြောက်ဦးရှိတယ်။ ကျွန်တော်တို့ က ကိုယ်တိုင်ချက်စားတော့ နှစ် ရက်တစ်ခါ သုံးရက်တစ်ခါ ဈေး သွားဖြစ်တယ်။ နှာခေါင်းစည်းတို့၊ လက်ဆေးတာတို့ စနစ်တကျ တော့ လိုက်နာပါတယ်။ လူအများထဲကို သွားရာမှာ ရောဂါကူးခံရ တာလို့ပဲ ယူဆတယ်’’ဟု အခြေအနေကို ပြောသည်။ လက်ရှိတွင် လွှတ်တော်အ ဆောင်၌ တည်းခိုနေထိုင်လျက်ရှိ သော လွှတ်တော်ကိုယ်စားလှယ် ငါးဦးကို အသွားအလာကန့်သတ် ထားပြီး ပိုးတွေ့ရှိသော (၄၉) နှစ် အရွယ် လွှတ်တော်အမတ် ဦးစိုး ဝင်းကိုမူ စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ထားသည်။

လွှတ်တော်အမတ် ဦးစိုးဝင်း သည် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ဂွမြို့ နယ်မှ ဒီချုပ်ပါတီကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။ ယမန်နေ့ညက ဝန်ကြီးဌာန က ထုတ်ပြန်သော ပိုးတွေ့လူနာ ၉၉ ဦးစာရင်းနှင့် စစ်တွေမှ ပိုးတွေ့ လူနာသုံးဦးတို့၏ လူနာအမှတ် များနှင့် အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မင်းလွင်/7 Day

#popolay #popolaytv #news


09 Sep 2020     1,471 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS