BEC-TERO TV

မြစ်ကြီးနားမှာ ကိုဗစ် ၁၉ ကူးစက်ခံရသူ စတင်တွေ့ရှိ

09 Sep 2020     1,494 Views


မြစ်ကြီးနားမြို့၊မြို့သစ်ကြီးရပ်ကွက်၊အေးမြသာယာနယ်မြေ အပိုင်း ၁ မှာနေထိုင်တဲ့ အသက်၆၅နှစ်အရွယ် ကိုဗစ်သံသယလူနာအမျိုးသမီးတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တယ်လို့ မြစ်ကြီးနားက ကုတင် ၅၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံကနေသိရပါတယ်။ စက်တင်ဘာ ၈ ရက်နေ့ည ရှစ်နာရီ ထုတ်ပြန်ချက်အရ အရ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ပထမဆုံးတွေ့ရှိတာ ဖြစ်ပါတယ်။

အဲ့ဒီအမျိုးသမီးဟာ စက်တင်ဘာ၄ ရက်နေ့က မန္တလေးမြို့ကနေ ၅၅ အဆန်အထူးအမြန်ရထားစီးပြီး ၅ရက်နေ့က မြစ်ကြီးနားကို သံဃာတစ်ပါးနဲ့အတူရောက်ရှိလာတာပါ။ သူဟာ မြစ်ကြီးနားကို မလာခင် ၅ရက်လောက်က မန္တလေးမှာအသက်ရှုကြပ်ချောင်းဆိုးပြီးနေမကောင်းဖြစ်ရာက မြစ်ကြီးနားအရောက်မှာ ကျန်းမာရေးပိုမိုဆိုးလာတဲ့အတွက် မြစ်ကြီးနားကုတင်၅၀၀ဆံ့အထွေထွေရောဂါကုဆေးရုံကြီးကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

အဆုတ်ရောင်တဲ့လက္ခဏာနဲ့ကျွန်တော်တို့ဂရုတစိုက်ကုသပေးနေတဲ့အခြေအနေမှာ ရှိနေပြီး စိတ်ချရတယ်လို့တော့ မသတ်မှတ်သေးဘူးလို့ အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာနေဝင်းကပြောပါတယ်အဲ့ဒီလူနာနဲ့ အတူလာသူ သံဃာတော်တစ်ပါးကို မြစ်ကြီးနားမြို့က ပညာရေးကောလိပ်၄ထပ်ဆောင်မှာ ကွာရန်တင်းဝင်ခိုင်းထားတယ်လို့ သိရပါတယ်။

ဒီဗွီဘီ

#popolay #popolaytv #news #မြစ်ကြီးနား #ကချင်ပြည်နယ်


09 Sep 2020     1,494 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS