အတ္ထရံမြစ်ရေတင် ရေသန့်စက်ရုံမှ လာမည့်နှစ်ဆန်းပိုင်းတွင် ရေစတင်ဖြန့်ဝေမည်
09 Sep 2020 1,430 Views
အတ္တရံမြစ်ရေ တင် ရေသန့်စက်ရုံစီမံကိန်းမှ မော်လမြိုင်မြို့ပေါ်ရပ်ကွက်များ သို့ ၂၀၂၁ ဇန်နဝါရီတွင် ရေစ တင်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးတင် ကိုကိုက ပြောသည်။ ယခုနှစ် ဒီဇင်ဘာတွင် ပထမအကြိမ် စမ်းသပ်လည်ပတ် ပြီး ၂၀၂၁ ကစကာ မော်လမြိုင် မြို့ပေါ်ရှိ ၂၉ ရပ်ကွက်စလုံးသို့ ၂၄ နာရီပတ်လုံး ရေဖြန့်ဝေပေး နိုင်ရန် ဆောင်ရွက်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် မော်လမြိုင်မြို့ ပေါ်ရှိ ရပ်ကွက်များသို့ အတ္ထရံ (၁)၊ (၂) ရေပေးဝေရေး၊ ရွှေနတ် တောင်ဆည်နှင့် ကင်မွန်းချုံဆည် မှ သောက်သုံးရေဖြန့်ဝေနေပြီး စီမံကိန်းပြီးပါက အခြားရပ်ကွက် များသို့ပါ ထပ်မံတိုးချဲ့ ဖြန့်ဝေပေး မည်ဖြစ်ကြောင်း ဦးတင်ကိုကိုက ပြောသည်။ မော်လမြိုင်မြို့ မြိုင်သာယာ ရပ်ကွက်နေ ဦးကိုကိုဦးက ‘‘ကျွန် တော်တို့ဆီမှာက စည်ပင်ရေက တော်တော်ညစ်တယ်ဗျ။ လာရင် လည်း ရေက နည်းနည်းပဲကျတာ။ ရေတစ်ပုံးပြည့်ဖို့ တော်တော် စောင့်ရတယ်။ သုံးလို့ပဲရတယ်။ သောက်လို့မရဘူး။ ရေသန့်ဘူး ဝယ်သောက်ရတယ်’’ ဟု ပြော ကြားသည်။
ရေသန့်စက်ရုံမှ ရေသန့် များကို ဖြန့်ဝေပေးမည်ဆိုပါက သောက်သုံးရေအတွက် အဆင် ပြေလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အတ္တရံမြစ်ရေတင် ရေသန့် စက်ရုံစီမံကိန်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် စတင်လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။ ယခင် ရေမီတာ တစ်ယူနစ် လျှင် ၇၅ ကျပ်သာ ကောက်ခံခဲ့ သော်လည်း ရေသန့် စတင်ဖြန့် ဝေပေးပါက ကျပ် ၂၀၀ ခန့်သို့တိုး မြှင့်ကောက်ခံမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုက်ထိုက်/7 Day
#popolay #popolaytv #news