BEC-TERO TV

မင်္ဂလာတောင်ညွန့် ဒုမြို့နယ်ရဲမှူးတွင် ကိုဗစ်-၁၉ ပိုးတွေ့၊ ရဲတပ်ဖွဲ့ဝင် ၈ ဦး ကွာရန်တင်းဝင်

07 Sep 2020     1,449 Views


ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့ ဒုမြို့နယ်ရဲမှူးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရတာကြောင့် ရဲစခန်းကို အဝင်အထွက်ပိတ်ထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ မနေ့ညက ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ လူနာစာရင်းမှာ ပါလာခဲ့တာလို့ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

“ဒု မြို့နယ်မှူးမှာ ပေါ့စတစ်တွေ့တယ်။ ဒါကြောင့် သူနဲ့ ဆက်စပ်တဲ့ အနီးကပ်ရဲတပ်ဖွဲ့ဝင် ၈ ဦးကို Q (ကွာရန်တင်း) ဝင်ဖို့ ခေါ်သွားတာပါ။ ရဲစခန်းကိုတော့ အဝင်အထွက်ဖြတ်ထားပါတယ်။ ဒါပေမဲ့ လုပ်ငန်းလုပ်လို့ ရအောင်တော့ ဝင်ထွက်ခွင့်ပြုထားပါတယ်” လို့ ပြောပါတယ်။ ဒု မြို့နယ် ရဲမှူးဟာ ဖျားလို့ ဆေးရုံသွားပြရင်း အာခေါင်နှာခေါင်း တို့ဖတ်နမူနာယူ စစ်ဆေးရာမှာ အခုလို ကိုဗစ်-၁၉ တွေ့ရတာလို့လည်း ပြောပါတယ်။

မနေ့က စက်တင်ဘာ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်ရဲစခန်းက ဝန်ထမ်းတွေကို Qurantine ထားရှိဖို့ ကျန်းမာရေးဌာနက လာရောက် ခေါ်ဆောင်သွားခဲ့တယ်လို့လည်း မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကလည်း ပြောပါတယ်။

DVB #popolay

#popolaytv #news #Yangon #ရန်ကုန်


07 Sep 2020     1,449 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS