BEC-TERO TV

ဇန်နဝါရီမှ ဇူလိုင်လကုန်ထိ မိုးကြိုးပစ်မှုကြောင့် လူ ၆၈ ဦးသေဆုံးပြီး ၃၁ ဦး ဒဏ်ရာရခဲ့ဟုဆို

07 Sep 2020     1,354 Views


မြန်မာနိုင်ငံတွင် ပြင်းထန်သော သဘာဝဘေးအန္တရာယ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် မိုးကြိုးပစ် မှု များကြောင့် ယခုနှစ် ဇူလိုင်လကုန်ထိ လူ ၆၈ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၁ ဦးထိ ရှိကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။ မြန်မာနိုင်ငံတွင် မိုးကြိုးပစ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး မုတ်သုန်ရာသီမတိုင်မီ မေလလယ်မှ ဇွန်လ ကုန်ထိနှင့် မုတ်သုန်နှောင်းပိုင်း စက်တင်ဘာလမှ အောက်တိုဘာလလယ်အထိ အများဆုံး ဖြစ်ပွားလေ့ရှိ ကြောင်း သိရသည်။

“သဘာဝဘေးအန္တရာယ်တွေထဲမှာမှ ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်ထဲမှာ မိုးကြိုးပစ်တာလည်း ပါ တယ်၊ အခုနောက် ပိုင်းနှစ်တွေမှာ မိုးကြိုးပစ်တာကြောင့် နှစ်တိုင်းလိုလို လူတစ်ရာလောက်ထိ သေဆုံး နေရတယ်၊ မိုးကြိုးပစ်ခြင်းက အခြား သဘာဝ ဘေးအန္တရာယ်တွေထက် ပျက်စီးမှုနည်းပါးတယ်ဆိုပေမယ့် လူသေဆုံးမှုက ယေဘုယျအားဖြင့် မြေငလျင်နဲ့ မုန်တိုင်းတွေထက် ပိုများတယ်လို့ သုံးသပ်ရမှာပေါ့”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာကိုကိုနိုင်က ပြောသည်။

ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လကုန်ထိ မိုးကြိုးပစ်သည့် ဖြစ်ရပ် ၅၉ ခု ကြောင့် သေဆုံးသူ ၆၈ ဦး နှင့် ဒဏ်ရာ ရသူ ၃၁ ဦးထိ ရှိပြီး မကြာမီအချိန်တွင် မုတ်သုန်နှောင်းပိုင်းကာလသို့ ရောက်ရှိမည်ဖြစ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန (MSWRR) ၏ သတိပေး တိုက်တွန်းထား ချက် ကို အလေးပေးလိုက်နာကြရန် လိုအပ်ကြောင်း သိရသည်။ မိုးကြိုးပစ်ခံရခြင်းကြောင့် သေဆုံးရမှုများအနေဖြင့် လယ်ကွင်းများတွင် အလုပ်လုပ်နေသော လယ်သမား များ၊ မိုးရွာသွန်း နေချိန် ပြင်ပ၌ လမ်းလျှောက် (သို့) အလုပ်လုပ်နေသောသူများ ပါဝင်ပြီး အိမ်တွင်း၌ ရှိနေ သော်လည်း မိုဘိုင်းဖုန်း၊ ရေဒီယို အသုံးပြုသူများသည်လည်း မိုးကြိုးပစ်ခံရခြင်းကြောင့် သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မိုးကြိုးမုန်တိုင်းကျစဉ်အတွင်း ပြည်သူများကို အိမ်တွင်းမှာနေရန်၊ ပြတင်းပေါက်များ၊ တံခါး များနှင့် ဝေးဝေးနေ ရန်၊ လျှပ်စစ်ပစ္စည်းကိရိယာ (သို့) ကြိုးများကို ထိတွေ့ခြင်းမှ ရှောင်ရှားရန် လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက သတိပေး တိုက်တွန်းထားသည်။ မိုးကြိုးပစ်ခြင်းကို မြန်မာနိုင်ငံဥပဒေတွင် သဘာဝဘေးအန္တရာယ် တစ်ခုအဖြစ် သတ်မှတ်ထားပြီး ယခုအခါ ရာသီဥတု ပြောင်းလဲလာခြင်းမှာ ရာသီဥတု ဆိုးရွားခြင်းကို မကြာခဏဆိုသလို ဖြစ်ပေါ်စေကာ ပိုမိုပြင်းထန် လာစေသည့် အချိန်တွင် မိုးကြိုးပစ်ခြင်းက ဒေသတွင်းရှိ အခြားနိုင်ငံများတွင်လည်း ရာသီဥတုကြောင့် သေ ဆုံးရခြင်း၏ အဓိက အကြောင်းရင်းအဖြစ် ရှိလာပြီဖြစ်ကြောင်း သိရသည်။

ရာသီဥတုဖောက်ပြန်လာသည့် လတ်တလော နှစ်များအတွင်း နှစ်စဉ် လူ ၁၀၀ ခန့် သေဆုံးခဲ့ရာ ၂၀၁၉ ခုနှစ်တွင် မိုးကြိုးပစ်ခြင်းကြောင့် လူ ၁၃၃ ဦး သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရခဲ့ကြောင်း သဘာဝဘေး အန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် မိုးကြိုးပစ်ခံ ရခြင်း ကြောင့် သေဆုံးခဲ့ရသူများ၏ မိသား စုများသို့ နစ်နာကြေးအဖြစ် ကျပ် ၃ သိန်းနှင့် မိုးကြိုးပစ်ခံရခြင်း အပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ဒဏ်ရာရသူများသို့ ကျပ် ၅သောင်းနှုန်း ထောက်ပံ့ ကြောင်း သိရသည်။

နိုင်ထူး /ပြည်မြန်မာ

#popolay #popolaytv #news


07 Sep 2020     1,354 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS