BEC-TERO TV

ထိုင်းတွင် ရေငုပ်ရင်း ရေအောက်သတ္တဝါများကို နှောက်ယှက်သောနိုင်ငံခြားသားနှစ်ဦးကို အရေးယူရန် ထိုင်းအစိုးရ ရှာဖွေ

04 Sep 2020     1,432 Views


ထိုင်းနိုင်ငံ၊ ဆုရတ်ဌာနီစီရင်စု၊ ဖငန်းကျွန်းပိုင်နက်ပင်လယ်မှာ ခရီးသွား နိုင်ငံခြားသားအမျိုးသားနှင့်အမျိုးသမီးစုံတွဲဟာ ရေငုပ်ရင်း သန္တာကျောက်တန်းရှိအဏ္ဏဝါရေအောက်သတ္တဝါများကို အပျော်တမ်းလိုက်ဖမ်းကာ ထိတ်လန့်ပြီးထွက်ပြေးအောင် ဆယ်ဖီတုတ်နဲ့လိုက်နှောက်ယှက်တာ အစရှိသော မသင့်တော်တဲ့အပြုအမူများ ပြုလုပ်ခဲ့ကြောင်း သတင်းထွက်ပေါ် လာခဲ့ပါတယ်။

ထိုကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်များက ယင်းနိုင်ငံခြားသားနှစ်ဦး၏လုပ်ရပ်အပေါ် အလွန်အမင်းမကျေနပ်၍ ထိုသူနှစ်ဦးအား ဥပဒေအရအရေးယူဆောင်ရွက်ရန် ပင်လယ်ကမ်းရိုးတန်း သယံဇာတဦးစီးဌာန၏ ဖေ့စ်ဘုခ်ဖေ့ချ်မှ လိုက်လံရှာဖွေရန် ပို့စ်တင်ထားကြောင်းတွေ့ရှိရပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူများက ထိုခရီးသည်နှစ်ဦးသည် မည်သည့်ခရီးသွားလုပ်ငန်း၏ခရီးသည်များဖြစ်ကြောင်း စုံစမ်းစစ်ဆေးရန် ဆုရတ်ဌာနီစီရင်စု၊ ဖငန်းကျွန်းနှင့်လိပ်ကျွန်းဒေသအတွင်းရှိ ခရီးသွားကုမ္ပဏီများနှင့် ရေငုပ်သမားအသင်းများသို့ သွားရောက်စစ်ဆေးခဲ့ကြပါတယ်။

အကယ်၍ ခရီးသွားကုမ္ပဏီတစ်ခုနှင့်လာခဲ့ကြောင်းတွေ့ရှိရပါက ခရီးသည်များအား ဤကဲ့သို့သော မသင့်တော်သောအပြုအမူမျိုးဖြစ်သွားရအောင် စည်းကမ်းလိုက်နာခြင်း တင်းကျပ်မှုမရှိတဲ့ အတွက် ထိုခရီးသွားကုမ္ပဏီနှင့်ရေငုပ်ဆရာကိုပါ အပြစ်ဒဏ်ပေးအရေးယူပါမည်ဟု ပြောကြားသွားခဲ့ပါတယ်။ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့တဲ့ တည်နေရာအတိအကျကို အရင်ဆုံးစစ်ဆေးရမည်ဖြစ်ပြီး၊ အကယ်၍သာ သတ်မှတ်ထားသောအမျိုးသားဥယျာဉ်နယ်ပယ်အတွင်းဖြစ်လျှင် နယ်ပယ်အတွင်းတရားမဝင်အမဲလိုက်အမှုနှင့် ၎င်းခရီးသည်နှစ်ဦးကိုလည်း ထိရောက်သောပြစ်ဒဏ်ချမှတ်ခြင်းတွေဆောင်ရွက်သွားမည်ဟု သတင်းရရှိပါတယ်။

#popolaytv #popolay #news


04 Sep 2020     1,432 Views




RELATED

Most Popular of International News

Most Popular of NEWS