BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စဖြန့်ဖို့အမေရိကန်ပြင်ဆင်

04 Sep 2020     1,430 Views


ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကာကွယ်ဆေးတွေကို အမေရိကန်နိုင်ငံတွင်းမှာ စတင်ဖြန့်ဝေနိုင်ဖို့ ပြင်ဆင်နေပါပြီ။ နောက်အကျဆုံးအနေနဲ့ လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှာလောက်မှာ ဒီဆေးဖြန့်ဝေနိုင်ရေး အသင့်ပြင်ထားကြဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျန်းမာရေးဌာနတွေကို အမေရိကန်ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီရေးဌာန CDC က အသိပေးစာတွေဖြန့်ဝေထားကြောင်း ဌာနေသတင်းဌာနတွေကဖော်ပြပါတယ်။

ဒီဆေးကို ကျန်းမာရေးလုပ်သားတွေ၊ မရှိမဖြစ်လိုတဲ့လုပ်သားတွေ၊ လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ နာတာရှည် လူနာစောင့်ရှောက်ပေးရေးစင်တာတွေနဲ့ ဝန်ထမ်းတွေကို ဦးစားပေးထိုးပေးဖို့လည်း CDC ကအကြံပြုထားပါတယ်။ CDC ရဲ့ပေးပို့တဲ့စာထဲမှာ ဒီဆေးကိုဖြန့်နိုင်ဖို့သာ အသင့်ပြင်ဖို့ပြောထားတာဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ ဒီဆေးထုတ်နိုင်မယ်လို့ တိတိကျကျပြောမထားပါဘူး။

လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ အမေရိကန်ရဲ့ရွေးကောက်ပွဲအမှီ ဒီဆေးဖြန့်ဖို့ အလျင်စလိုလုပ်နေတာလို့ ပညာရှင်တချို့ကဝေဖန်နေကြသလို တချို့ပညာရှင်တွေက လက်တွေ့စမ်းသပ်မှု (clinical trail) မပြီးခင် ဒီဆေးဖြန့်နိုင်မှ လူ့အသက်တွေကို ကယ်တင်နိုင်မယ်လို့ ယုံကြည်နေကြတာပါ။ ဒီကနေ့အထိ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ တစ်သိန်းကိုးသောင်းနီးပါးနဲ့ရောဂါကူးစက်ခံထားရသူ ၆ သန်း ၂ သိန်းကျော်ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာတော့ လက်ရှိအချိန်ထိ တစ်ကမ္ဘာလုံးမှာ သေဆုံးတဲ့သူ ၈ သိမ်းခွဲကျော်နဲ့ ကူးစက်ခံရတဲ့သူ ၂၆ သန်းကျော်နေပါပြီ။

RFA

#popolay #popolaytv #news #US #covid19 #vaccine


04 Sep 2020     1,430 Views




RELATED

Most Popular of International News

Most Popular of NEWS