BEC-TERO TV

ကယားပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပုဂ္ဂိုလ်ရေးအာဃာတဖြင့် ဆောင်ရွက်ခဲ့ဟု ဒီချုပ်ထုတ်ပြန်

04 Sep 2020     1,412 Views


ယခုလိုဖြစ်စဉ်မျိုး နောင်တွင်ပေါ်ပေါက်လာခြင်းမရှိစေရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဟုဆို

====================

ကယားဝန်ကြီးချုပ် အား စွပ်စွဲပြစ်တင်ရာတွင် ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌက ဥပဒေ နှင့်အညီ ဆောင်ရွက်ခြင်းမပြုဘဲ ပုဂ္ဂိုလ်ရေးအာဃာတဖြင့် ဆောင်ရွက်ခဲ့ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က စက်တင်ဘာ ၃ ရက်တွင် ကြေညာချက်ထုတ်ပြန် သည်။ စွပ်စွဲပြစ်တင်မှုဖြစ်စဉ်အ တွက် လွှတ်တော်ဥက္ကဋ္ဌက လာ မည့်ရွေးကောက်ပွဲ၌ ဒီချုပ်ကိုယ် စားလှယ်လောင်းအဖြစ် လျာထား ရာတွင် ပါဝင်မှုမရှိခြင်း၊ ထိုသို့ လျာထားရာတွင် မပါဝင်သည့် အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ အခြားအစုအဖွဲ့ဝင်ကိုယ်စားလှယ်များ ၏ အင်အားကိုပါရယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ နိုင်ငံရေးပုံရိပ်ကို ထိခိုက်‌စေမည့် အချိန်ကိုက်ဆောင်ရွက် ချက်ဖြစ်ကြောင်း ဒီချုပ်ဗဟိုအ လုပ်အမှုဆောင်အဖွဲ့က သုံးသပ် ထားသည်။ ထို့အပြင် စွပ်စွဲပြစ်တင်ရန် လိုအပ်သည့် လွှတ်တော်အမတ်စုစုပေါင်း ၂၀ ၏ လေးပုံတစ်ပုံ ဖြစ်သည့် ပြည်နယ်လွှတ်တော် အမတ်ငါးဦး လက်မှတ်ထိုးတင်ပြ ခဲ့သော်လည်း တစ်ဦးက မိမိအဆိုပြုခဲ့သည်ကို အချိန်မီပြန်လည် ရုပ်သိမ်းခဲ့သဖြင့် ဥပဒေအရ လိုအပ်သော အရေအတွက် မပြည့်မီတော့သည့်တိုင် လွှတ် တော်ဥက္ကဋ္ဌက ခွင့်မပြုဘဲ ဆက် လက်ဆောင်ရွက်ခဲ့ကြောင်း ကြေ ညာချက်တွင် ရေးသားထား သည်။ ထို့အတူ စွပ်စွဲပြစ်တင်အဆို ပြုသူ ပြည်နယ်လွှတ်တော်အမတ် ငါးဦးအနက် သုံးဦးကို စုံစမ်းစစ် ဆေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတာဝန်ပေးအပ်ဖွဲ့စည်းခဲ့ ကြောင်း ပေါ်ပေါက်နေသည်ဟု ကြေညာချက်တွက် ထောက်ပြ ထားသည်။

ထို့ကြောင့် လွှတ်တော်၏ အဆုံးအဖြတ်အပေါ် ဥပဒေနှင့် အညီ နိုင်ငံတော်သမ္မတက လေး စားလိုက်နာပြီး ဝန်ကြီးချုပ် တာဝန်မှ ရပ်စဲခဲ့ခြင်းဖြစ်ကြောင်းလက်ခံ သဘောပေါက်ပါသည်ဟု လည်း ကြေညာချက်တွင် ဖော်ပြ ထားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် နိုင်ငံတော်နှင့် ပြည် ထောင်စု တိုင်းရင်းသားအားလုံး ၏ အကျိုးကိုရှေးရှု၍ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံ သော ပြည်ထောင်စုကြီးဖြစ်ပေါ် လာစေရန် ယခုကဲ့သို့ဖြစ်စဉ်မျိုး နောင်တွင်ပေါ်ပေါက်လာခြင်း မရှိစေရန် ကြပ်မတ်ဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေညာချက် တွင် ကတိပြုထားသည်။

‘‘စွပ်စွဲပြစ်တင်တဲ့သူက လေးပုံတစ်ပုံရှိရမယ်။ ငါးယောက်ရှိရ မယ်။ စွပ်စွဲပြစ်တင်တဲ့သူက တစ် ယောက်ထွက်သွားတယ်။ လွှတ် တော်ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်တို့ရဲ့ ပုဂ္ဂိုလ်ရေးဆန်တဲ့အတွက် သူ မပါချင်ပါဘူးဆိုပြီး ထွက်စာတစ်ခုကို ကျွန်တော်တို့ တွေ့လိုက် တယ်။ အဲဒီတော့လေးယောက်ပဲ ကျန်တယ်။ နောက်တစ်ချက်က ဘာလဲဆိုရင် တိုင်တဲ့သူသုံး ယောက်ကို စုံစမ်းစစ်ဆေးရေး အဖွဲ့မှာ ထည့်လိုက်တယ်။

ဒါ က ဘယ်လုပ်ထုံး၊ လုပ်နည်းမှာ (Procedure)မှ မရှိဘူး။ တိုင်တဲ့ သူကို တရားသူကြီးခန့်လိုက်တယ် ဆိုတော့ တရားလိုကို တရားသူ ကြီးခန့်လိုက်သလိုဖြစ်သွားတယ်။ဒီ Procedure နှစ်ခုမှားနေတယ်’’ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်က စက်တင်ဘာ ၃ ရက် မန္တလေးတိုင်းလွှတ်တော် အစည်းအဝေးအပြီးတွင် သတင်း မီဒီယာများအား ဖြေကြားခဲ့သည်။ အဆိုပါ လုပ်ထုံး၊ လုပ်နည်း နှစ်ရပ်မှားယွင်းမှုကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးကသာ ဖြေ ရှင်းပေးနိုင်မည်ဟု ဒေါက်တာဇော်မြင့်မောင်က မှတ်ချက်ပြု ထားသည်။

စိုင်းကိုကိုထွန်း / 7 day

#popolay #popolaytv #news #ကယား


04 Sep 2020     1,412 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS