ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တာဝန်မှရပ်စဲခံရပြီ
04 Sep 2020 1,404 Views
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ကို တာဝန်မှရပ်စဲ လိုက်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က စင်တင်ဘာ ၃ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အမိန့်စာ (၂၄/၂၀၂၀) တွင် ပါရှိသည်။ " ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (င)၊ ပုဒ်မခွဲငယ် (၂) ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဌာန်းချက်များအရ " တာဝန်မှ ရပ်စဲကြောင်း သိရှိရပါသည်။