BEC-TERO TV

မိလ္လာကန်အတွင်း ဓာတ်ငွေ့များကြောင့် ပေါက်ကွဲမှုဖြစ်ပွား

03 Sep 2020     1,486 Views


ထိုင်းနိုင်ငံ၊ လမ်းပန်းစီရင်စု၊ မိုင်းလမ်းပန်းခရိုင်၊ ဖရာ့ဘတ်မြို့၊ လမ်းပန်းလေဆိပ်အဝင်လမ်းရှိ နေအိမ်တစ်လုံးတွင် ပေါက်ကွဲမှုဖြစ်ပွားကာ ဒဏ်ရာရရှိသူများရှိကြောင်း ၁၆၆၉ ကယ်ဆယ်ရေးအသင်းသို့ ဆက်သွယ်အကြောင်းကြားလာခဲ့ပါသည် ။ ကယ်ဆယ်ရေးအဖွဲ့သားများ ပေါက်ကွဲမှုဖြစ်ရာအိမ်သို့ ရောက်ရှိသောအခါ ထိုအိမ်မှာ အိမ်တန်းလျားဖြစ်ပြီး ပိုးသတ်ဆေးများရောင်းသော စတိုးဆိုင်လေးဖွင့်ထားတာကိုလည်းတွေ့ရှိရပါတယ်။

အိမ်အတွင်းလိုက်လံစစ်ဆေးကြည့်ရာ နောက်ဖေးအိမ်သာမှာ ပေါက်ကွဲမှုသဲလွန်စများတွေ့ရှိရပြီး အိမ်သာအိုးကြေမွပျက်စီးကာ ကပ်လျက်ရှိမီးဖိုချောင်အတွင်းမှာလည်း အိုးခွက်ပန်းကန်များပြန့်ကျဲကာ တံခါးတစ်ချပ်ကျိုးပဲ့နေသည်ကိုတွေ့ရှိကြပါတယ် ။ ကြွေပြားများအပိုင်းပိုင်းအက်ကွဲပြီး ခေါင်မိုးပွင့် ကာ အပေါက်ဖြစ်ခဲ့ပါတယ် ။ အပြင်းအထန်ဒဏ်ရာရရှိသူ အမျိုးသမီးလူနာတစ်ဦးကိုတော့ ဆေးရုံသို့ပို့ဆောင်ထားကြပါတယ် ။

လမ်းပန်း PTT ဓာတ်ငွေ့သိုလှောင်ရုံအရာရှိများ ဝင်ရောက်စစ်ဆေးကြည့်ရာ ကနဦး တွေ့ရှိချက်အရ နေအိမ်ရှိ ဂက်စ်အိုးသည်ပုံမှန်ရှိနေ ကြောင်းနှင့် ပေါက်ကွဲမှု မတွေ့ရှိကြောင်း ဆိုထားပါတယ်။ သို့သော် အိမ်သာ မိလ္လာကန်အတွင်းရှိ ဇီဝဓာတ်ငွေ့များစုဆောင်းမှုများ ကြောင့် ယိုစိမ့်မှုရှိပြီး မီးပွားများ ဖြစ်ပေါ်ကာ ပေါက်ကွဲမှုဖြစ်ပွား ရသည့် အကြောင်းရင်းတစ်ခုဖြစ်နိုင်သည်ဟု ကနဦးတွက်ဆချက်အရ သိရှိရပါသည် ။

#popolay #popolaytv #news


03 Sep 2020     1,486 Views




RELATED

Most Popular of International News

Most Popular of NEWS