BEC-TERO TV

လမ်းမတော်မြို့နယ်တွင် Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပထွက်ခွာသူများအား စစ်ဆေး ဆောင်ရွက်

03 Sep 2020     1,398 Views


ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးနှင့် ကာကွယ် ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုန့်ပြန်‌ရေး ကော်မတီက မြို့နယ်အတွင်း လူစည်ကားရာ လမ်းများတွင် mask တပ်ဆင်ခြင်း မရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာသူများအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပွား‌စေ‌ရေး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ် ပြင်ပထွက်ခွာလာသူများမှ mask နှာခေါင်းစည်း တပ်ဆင်ထားခြင်းရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး mask တပ်ဆင်ထား ခြင်းမရှိသည့် ပြည်သူ(၁၄)ဦးအား ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးဥပဒေနှင့်အညီ စစ်ဆေးအရေးယူ ဆောင်ရွက် သွားမည် ဖြစ် ကြောင်း သိရှိရသည်။ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ သည် mask နှာခေါင်းစည်း တပ်ဆင်ရေးအတွက် mask-campaign များပြုလုပ် ခြင်းနှင့် အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက် ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

ကျော်ဆန်းမြင့်/MOI

#popolay #popolaytv #news


03 Sep 2020     1,398 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS