ကိုဗစ်-၁၉ ကာကွယ်ရန် ထိုင်း-မြန်မာ နယ်စပ်ရှိစာသင်ကျောင်း ၂ ကျောင်း ၇ ရက်ကြာပိတ်ထားကြောင်းကြောညာ
03 Sep 2020 1,477 Views
သြဂုတ်လ ၃၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံနယ်စပ် ပရာကျွတ်ခီရီခန်စီရင်စု၊ ဟွာဟင်မြို့၌ရှိသော စာသင်ကျောင်း ၂ ကျောင်းကို ၇ ရက်ကြာပိတ်ထားရန် ကျောင်းသားမိဘများအား အကြောင်းကြားစာပေးပို့ကြောင်း ဒေသခံသတင်းဌာနတစ်ခုက ထုတ်ပြန်ကြေညာထားတာ တွေ့ရှိရပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ပေးပို့ထားသောစာပါ အကြောင်းအရာမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ကစပြီး ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှုဒုတိယလှိုင်းဖြစ်ပွားပြီးနောက် ကူးစက်လူနာပေါင်း ၅၈၀ ဦးကျော်ရှိလာခဲ့ပြီး ကူးစက်လူနာသစ်အများစုမှာ ရခိုင်ပြည်နယ်စစ်တွေမြို့ကတွေ့ရပြီး လတ်တလောအခြေအနေအထိ ဆက်လက်တိုးမြှင့်နေကြောင်းလည်း တွေ့ရှိနေရပါတယ်။ ယင်းစာသင်ကျောင်း ၂ ကျောင်းသည် မြန်မာနိုင်ငံနယ်စပ်ဒေသတွင်တည်ရှိသောကျောင်းများဖြစ်ပြီး ဤအချိန်အတွင်း၌ ရောဂါကာကွယ်တားဆီးရန်အတွက် စက်တင်ဘာလ ၁-၇ ရက်နေ့အထိ ကျောင်းများခဏပိတ်ထားရန် အရေးပေါ်ကြောညာလိုက်ခြင်းဖြစ်ပြီး၊ ကျောင်းသားများ စက်တင်ဘာလ ၈ ရက်နေ့မှာ ပုံမှန်ကျောင်းပြန်တက်နိုင်ကြောင်းလည်း ပြောကြားထားပါတယ်။
ထုတ်ပြန်လိုက်သောသတင်းကြောင့် မိဘအုပ်ထိန်းသူများနှင့်ပြည်သူလူထုများ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်သွားခဲ့ပါတယ်။ တချို့က ဒါဟာ ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးဖြစ်တယ်လို့ဆိုပြီး၊ ရခိုင်ပြည်နယ်၌ အရှိန်အဟုန်မြင့်မားနေသောကူးစက်မှုအတွက် စိုးရိမ်မိသူလည်း များစွာရှိခဲ့ပြီး၊ နယ်စပ်ဒေသသို့ ကူးစက်မှုပြန့်ပွားသွား မှာကို စိုးရိမ်သူတွေလည်း များပြားခဲ့ပါတယ်။ မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်သော ဒေသ ၁၀ ဒေသအနက် အခုလိုမျိုး ပရာကျွတ်ခီရီခန်စီရင်စု ပါဝင်သောအခြေအနေက ပုံမှန်အခြေအနေမဟုတ်လောက်ဘူးလို့ လူအများက စိုးရိမ်နေကြပါတယ် ။
#popolay #popolaytv #popolaynews #Thai