BEC-TERO TV

မော်လမြိုင်မှာ COVID-19 ပိုးတွေ့သူ ၈ ဦး မှာ ၄ ဦးက စေတနာ့ ဝန်ထမ်းတွေဖြစ်

02 Sep 2020     1,403 Views


မော်လမြိုင်မှာနေထိုင်သူ ၈ ဦးမှာ ကိုဗစ် 19 ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာက စက်တင်ဘာ ၁ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့တဲ့ လူနာ ၈ ဦးမှာ ၂ ဦးဟာ စေတနာ့ဝန်ထမ်းတွေ ဖြစ်ပြီး ကိုဗစ်လူနာ နံပါတ် ၇၇၁၊ လူနာနံပါတ် ၄၈၂ တို့နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တဲ့ စေတနာ့ ဝန်ထမ်းတွေ ဖြစ်ပါတယ်။

ကျန် စေတနာ့ ဝန်ထမ်း ၂ ဦးကတော့ ၎င်းတို့ရဲ့ အတူနေထိုင်တဲ့ စေတနာ့ ဝန်ထမ်းတွေ ဖြစ်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝတ်မှုံက ပြောပါတယ်။ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ ကျန် လူနာ ၄ ဦးမှာ ရန်ကုန်မြို့နေ သင်္ဘောသားတစ်ဦးဖြစ်တဲ့ လူနာနံပါတ် ၇၇၁ နဲ့ ထိတွေ့ခဲ့တဲ့ သူ ဖြစ်ပါတယ်။ ကိုဗစ် ရောဂါပိုး ကူးစက်ခံထားရတဲ့ လူနာ ၈ ဦးကို မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ ကုသပေးနေပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ စေတနာ့ ဝန်ထမ်း ၄ ဦး ပါဝင်တဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ ၂ ဖွဲ့ကတော့ quarantine ဝင်သွားပြီး ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့ အခုအခါ ကိုဗစ်လူနာ နံပါတ် ၄၈၂ အပါဝင် လူနာ ၉ ဦးအထိ ရှိလာခဲ့တာပါ။

ဒီဗွီဘီ

#popolay #popolaytv #News #ကိုဗစ်


02 Sep 2020     1,403 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS