ခွေးများအတွက် ဥပဒေမူကြမ်းအသစ်တစ်ခုတင်သွင်းရာ အငြင်းပွားမှုများပြားခဲ့
01 Sep 2020 1,491 Views
ဂျာမနီလူမျိုးများသည်လည်း ခွေးများကိုအလွန်ချစ်တတ်သောလူမျိုးဖြစ်ပြီး၊ အိမ်ထောင်စုငါးပုံတစ်ပုံနီးပါးသည် အိမ်မွေးတိရစ္ဆာန်အဖြစ်ခွေးများကိုမွေးမြူထားကြကာ တစ်နိုင်ငံလုံးတွင်အိမ်မွေးခွေးအကောင်ရေ ၉.၄ သန်းအထိရှိလာခဲ့ပါတယ်။ ထို့ကြောင့် ဂျာမနီအစားအသောက်နှင့်စိုက်ပျိုးရေးဝန်ကြီး မစ္စဂျူလီယာကလုန်နာ က ခွေးပိုင်ရှင်များသည် သူတို့၏ခွေးများကိုပန်းခြံထဲလမ်းလျှောက်ထွက်တာ (သို့) ပြေးတာ အနည်းဆုံးတစ်နေ့မှာ ၂ ကြိမ် အချိန် ၁ နာရီခန့်ပြုလုပ်ပေးသင့်ကြောင်းဆိုတဲ့ ဥပဒေမူကြမ်းအသစ်တစ်ခုကို အဆိုတင်သွင်းလိုက်ပါတယ်။
ဤအဆိုနှင့်ပတ်သက်၍ ပြင်းထန်သောအငြင်းပွားမှုများဖြစ်ပေါ်လာခဲ့ပါတယ်။ ဂျူလီယာက ကျွမ်းကျင်သူများ၏အကြံပြုချက်အရ ဤဥပဒေမူကြမ်းအား တင်သွင်းခြင်းဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အိမ်မွေးတိရစ္ဆာန်များသည် အရုပ်မဟုတ်ကြောင်း သူတို့ရဲ့လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားပေးရမယ်။ အထူးသဖြင့် ခွေးများသည် သူတို့ကိုလေ့ကျင့်ခန်းပြုလုပ်ပေးရန်လိုအပ်ပြီး အချိန်ကြာမြင့်စွာ တစ်ကောင်တည်းပစ်မထားဖို့ရန်လည်းသတိပြုသင့်ကြောင်း ထပ်မံပြောကြားသွားပါတယ်။
ဒါပေမယ့် ယင်းအဆိုပြုချက်သည် အဖွဲ့အစည်းများစွာတို့၏ သဘောမတူကန့်ကွက်ခြင်းခံခဲ့ရပါတယ်။ ဂျာမနီ၏နာမည်ကြီးသတင်းမီဒီယာတစ်ခုဖြစ်သော Bild သတင်းစာက အဓိပ္ပာယ်မရှိဟု သတင်းခေါင်းစီးများ၌ ရေးသားထားပြီး၊ ဂျာမနီအိမ်မွေးခွေးအသင်းအဖွဲ့များ၏ ပြောကြားချက်အရ ခွေးပိုင်ရှင်အများစုသည် ဤအဆိုပြုချက်နှင့်ပတ်သက်ပြီး သူတို့ကိုရယ်မောစရာတစ်ခုဖြစ်ပေါ်သွားစေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ခွေးကိုလမ်းလျှောက်ထွက်ဖို့ အချိန်လုံလုံလောက်လောက်ရှိကြောင်း ဆိုပါတယ်။
ခွေးများအားလေ့ကျင့်ထိန်းကျောင်းသည့်ဆရာတစ်ဦး၏အဆိုကတော့ ခွေးများကိုလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး ခွေးတစ်ကောင်ချင်းစီရဲ့ အမျိုးစား၊ ကျန်းမာရေးနှင့် အသက်အရွယ်ပေါ်မူတည်တယ်လို့ဆိုပါတယ်။ ဤဥပဒေမူကြမ်းသည် စေတနာကောင်းသော်လည်း တကယ့်လက်တွေ့နှင့်ကိုက်ညီမှုမရှိသည့်အတွက်ကြောင့် ရှေ့ဆက်ဘယ်လိုအကောင်အထည်ဖော်သွားမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
#popolay #popolaytv #ဘာသာပြန်