မိသားစုဝင်တစ်ဦးတွင် COVID-19 ဓာတ်ခွဲတွေ့ရှိပါက အခြားမိသားစုဝင်များကို Facility Quarantine သို့မပို့ဘဲ နေအိမ်တွင်သာ အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်သင့်/မသင့် ကျန်းမာရေးဝန်ကြီးဌာန ပြင်ဆင်နေ
01 Sep 2020 1,390 Views
မိသားစုဝင်တစ်ဦးတွင် COVID-19 ဓာတ်ခွဲတွေ့ရှိပါက အခြားမိသားစုဝင်များ ကို Facility Quarantine သို့မပို့ဘဲ နေအိမ်တွင်သာ အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်သင့်/မသင့် ကျန်းမာရေးဝန်ကြီးဌာန ပြင် ဆင်နေကြောင်း သြဂုတ် ၃၀ ရက်က နေပြည် တော်၌ ပြုလုပ်သည့် ရခိုင်ပြည်နယ်တွင် COVID-19ကူးစက်ဖြစ်ပွားမှု ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် ပြောကြားချက်များအရ သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် လက်ရှိ၌ ရခိုင်ပြည်နယ်မှ COVID-19လူနာများအား ဆေးရုံအသီးသီးတွင် ထားရှိကုသနေမှုအခြေအနေများ၊ စစ်တွေမြို့တွင် စစ်တွေပြည် သူ့ဆေးရုံကြီးတွင်သာမက သူနာပြုနှင့်သား ဖွားသင်တန်းကျောင်းနှင့် တိုင်းရင်းဆေးရုံတို့တွင် COVID-19လူနာများ ထားရှိကုသနေမှု၊ စစ်တွေတက္ကသိုလ်တွင် ယာယီဆေးရုံ ထပ်မံပြုလုပ်ကာ COVID-19လူနာများ ထားရှိရန် စီစဉ်နေမှု၊လိုအပ်ပါက ရခိုင်ပြည် နယ်လွှတ်တော်အဆောက်အအုံကိုလည်း ယာယီဆေးရုံအဖြစ် အသုံးပြုနိုင်ရန် လျာထားမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများအတွက် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦးနှင့် မောင်တောမြို့နယ်များတွင် Gene Xpert စက်များတပ်ဆင်ထားမှုများ၊ စစ်တွေမြို့တွင် COVID-19ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများ၏ မိသားစုဝင်များနှင့် အခြားထိတွေ့ခဲ့သူများ အရေအတွက်များ ပြားလာ၍ သတ်မှတ်နေရာများတွင် အသွား အလာကန့်သတ်ခြင်းထားရှိရန် လုံလောက် သောနေရာ၊ အဆောက်အအုံ၊ ရေ၊ အိမ်သာ ရရှိရေးနှင့်ကျွေးမွေးရေး၊ စီမံခန့်ခွဲရေးတို့ ခက်ခဲလာသည့်ကိစ္စနှင့် နေရာသစ်များ ထပ် မံရှာဖွေရန်လိုအပ်နေမှု၊ မိသားစုဝင်တစ်ဦး တွင် COVID-19ဓာတ်ခွဲတွေ့ရှိပါက အ ခြားမိသားစုဝင်များကို Facility Quarantine သို့ မပို့ဘဲ နေအိမ်တွင်သာ တင်းကြပ်စွာ ဖြင့် အသွားအလာကန့်သတ်ခြင်းကိုဆောင် ရွက်ရန်သင့် မသင့်၊ မူဝါဒပြောင်းရန် သင့် မသင့်များကိုလည်း ဆွေးနွေးခဲ့သည်။
ထို့ပြင် ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်း များအား ရောဂါမကူးစက်စေရေးအတွက် ဆေးရုံများတွင် ရောဂါကူးစက်မှုကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများကို အားဖြည့် ဆောင်ရွက်နေမှု၊ ရွှေ့ပြောင်းတပ်ဆင်အသုံး ပြုနိုင်သည့် ယာယီဆေးရုံ (Mobile Hospital) များဝယ်ယူရန်သင့်မသင့်၊ ဆေးရုံများ တွင် COVID-19လူနာများကို ကုသမှုပေး နေသည့် ကျန်းမာရေးဝန်ထမ်းများ ရပ်ကွက်များတွင် ပြန်လည်နေထိုင်ခြင်းအား ကန့် ကွက်မှုနှင့် ခွဲခြားမှုများရှိနေသည့်ကိစ္စများ၊ ဓာတ်ခွဲစစ်ဆေးမှုများ ပိုမိုပြုလုပ်နိုင်ရန်အတွက် ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံသို့ GeneXpert စက်နှစ်လုံးနှင့်ဆက်စပ်ဓာတ် ခွဲပစ္စည်းများကို သြဂုတ် ၃၁ ရက်တွင် ထပ်မံ ပို့ဆောင်ရန်စီစဉ်ထားမှုများ၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့သို့ Oxygen Plant တစ်လုံး စီအား အမြန်ဆုံးတပ်ဆင်ပေးရန်စီစဉ်ထား မှုများ၊ စစ်တွေမြို့တွင် COVID-19ရောဂါ ပျံ့နှံ့မှုအတိုင်းအတာနှင့်ပုံသဏ္ဌာန်တို့ကို သိရှိနိုင်ရေးအတွက် ရောဂါကူးစက်ခံရနိုင်ခြေ များပြားသူများအား ကျပန်းစနစ်ဖြင့် ရွေး ချယ်ကာ ဝန်ကြီးဌာနသို့ လှူဒါန်းထားသော Rapid Test Kid ၁၀၀၀ ဖြင့် IgG နှင့်IgM ရှိမရှိကို စစ်ဆေးရန်နှင့် Test Positive ဖြစ်သူများအား PCR စက်ဖြင့် ဆက်လက်စစ် ဆေးရန်၊ ဆေးတက္ကသိုလ်များမှ ဆေးပညာ ပါမောက္ခဌာနမှူးများ၊ ဝေဘာဂီအထူးကု ဆေးရုံနှင့် တောင်ဥက္ကလာပအထူးကုဆေးရုံ တို့မှ COVID-19လူနာများကို ကုသပေး နေသော ပါမောက္ခများနှင့်အထူးကုဆရာ ဝန်များက ရခိုင်ပြည်နယ်၊ ဆေးရုံအသီးသီး မှ အထူးကုဆရာဝန်(ဆေးပညာ)နှင့် အထူး ကြပ်မတ်ကုသဆောင်များမှ ဆရာဝန်များ ထံသို့ Videoconferencing စနစ်ဖြင့် COVID-19လူနာကုသမှုအတွေ့အကြုံ၊ ကုထုံးနှင့် ကုသမှုပြုစဉ်ကြုံတွေ့ရနိုင်သည့် အချက်များ စသည်တို့အား ပုံမှန်တစ်ရက် ခြားဆွေးနွေးသွားရန်နှင့် သြဂုတ်ု ၁၀ ရက်မှ စ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူ များထံ ဆေးသုတေသနဦးစီးဌာနမှ ဆရာ ဝန်များက တယ်လီဖုန်းနှင့်ဆက်သွယ်ကာ အသွားအလာကန့်သတ်မှုနှင့် ကျန်းမာရေး စစ်ဆေးမှုခံယူရေး ပြောကြားရန်ကိစ္စများ အား ဆွေးနွေးတင်ပြခြင်းနှင့် အကြံပြုခြင်း များကို လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။ သြဂုတ် ၃၁ ရက်နံနက်ပိုင်းက ရခိုင် ပြည်နယ်သို့ ခရီးသွားရာဇဝင်ရှိသည့်ရန်ကုန် တိုင်းမှ တစ်ဦးနှင့် ရခိုင်ပြည်နယ်မှ ၁၁ ဦး၊ စု စုပေါင်း COVID-19 လူနာသစ် ၁၂ ဦးထပ် မံတွေ့ရှိပြီး အတည်ပြုလူနာ ၇၈၇ ဦးရှိလာ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။
အိသဥ္ဇာကျော် / Eleven
#popolay #popolaytv #news #ကိုဗစ်