မော်လမြိုင်မှ လူနာအမှတ် (၄၈၂)နှင့် ဆက်စပ်သူ ၄၃ ဦးကို Quarantine ထားရှိ ကျန်သူများကို ဆက်လက်ရှာဖွေနေ
27 Aug 2020 1,384 Views
မော်လမြိုင်မြို့မှ လူနာအမှတ် (၄၈၂) နှင့် ထိတွေ့ခဲ့ သူများကို Quarantine Centerသို့ပို့ဆောင်ထားပြီး ၎င်း၏ မိသားစုဝင်ခုနစ်ဦးကို Hospital Qua-rantine သို့ ပို့ဆောင်ထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန် လင်းက ပြောသည်။ မော်လမြိုင်မြို့ ဘိုကုန်းရပ် ကွက်၊ သိမ်ကုန်းရပ်တွင် နေထိုင် သည် ဆရာမတစ်ဦးသည် ရခိုင် ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ပြန်ရောက်လာသူဖြစ်ပြီး ၎င်းထံ တွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ဩဂုတ် ၂၅ ရက် ညတွင် ထုတ်ပြန်ခဲ့သည်။
‘‘အတည်ပြုလူနာကိုတော့ မနေ့ညကတည်းက IsolationWard (သီးသန့်ခန်း)ထဲကို ပို့ထား တယ်။ Contact တွေကတော့ သူနဲ့ ထိတွေ့တဲ့ လူတွေအကုန်လုံးကို Quarantine ပို့ထားတယ်။ ဆက် ပြီးတော့လည်း လိုက်နေတယ်’’ဟု ဝန်ကြီး ဒေါက်တာထိန်လင်းက ပြောသည် ။ လူနာအမှတ် (၄၈၂) သည် ဩဂုတ် ၅ ရက်မှ ၂၀ ရက်ထိခွင့်ယူထားခြင်းဖြစ်ပြီး ပညာရေး ဌာနမှ Stay at Home နေရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ပညာရေးဦးစီးဌာန က ဩဂုတ် ၂၆ ရက် မနက်ပိုင်း တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါလူနာသည် ဩဂုတ်၅ ရက်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်သို့ သွားရောက်ခဲ့ပြီး ရန်ကုန်သို့ လေယာဉ်ခရီးစဉ်ဖြင့် ဩဂုတ် ၁၈ ရက်တွင် ရောက်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မှ ဩဂုတ် ၁၉ ရက် နေ့လယ် ၁၂ နာရီတွင် မန္တလာမင်း VIP Express ကားဖြင့်မော်လမြိုင်သို့ ပြန်လာခဲ့ပြီး ကားရပ်နားသည့် ကျိုက်ထိုဘဲလေး ထမင်းဆိုင်တွင် ထမင်းစားခဲ့ သည်။ မော်လမြိုင်သို့ ပြန်ရောက်စဉ် မော်လမြိုင်ကားဝင်းမှ Taxi ဖြင့် သိမ်ကုန်းရပ် နေအိမ်သို့ ဩဂုတ် ၁၉ ရက် ည ၆ နာရီတွင် ပြန်ရောက်ခဲ့ကြောင်း သိရသည်။ ဩဂုတ် ၂၀ ရက်တွင် မော်လမြိုင်မြို့ တောင်ဝိုင်းရပ်ရှိ နာရေးတစ်ခုသို့သာ သွားခဲ့ပြီး ကျန်သည့်နေရာများသို့ သွားခဲ့ခြင်းမရှိ ကြောင်း သိရသည်။ ရန်ကုန်မှ မော်လမြိုင်သို့ ပြန်လာစဉ် စီးခဲ့သော VIP Express ကားပေါ် တွင် ခရီးသည် ၁၄ ဦး ပါခဲ့ပြီး လက်ရှိအချိန်တွင် ၁၂ ဦးသည်Quarantine ဝင်နေပြီဖြစ်သော် လည်း နှစ်ဦးမှာ ဆက်သွယ်၍မရ ကြောင်း သိရသည်။
လူနာအမှတ် (၄၈၂) အား ဩဂုတ် ၂၃ ရက်တွင် မော်လမြိုင် တက္ကသိုလ် Quarantine Center သို့ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဘိုဘိုဝင်းအရေးပေါ် ကယ်ဆယ် ရေးအဖွဲ့ဥက္ကဋ္ဌ ကိုဘိုဘိုဝင်းက ပြောသည်။ ယင်းနှင့် ဆက်စပ်ထိတွေ့ခဲ့ သူမှာ လက်ရှိအချိန်ထိ ၄၃ ဦးရှိနေပြီး ၄၃ ဦးလုံး မော်လမြိုင်တက္က သိုလ် Quarantine Center တွင်နေထိုင်နေပြီဖြစ်ကြောင်း ကိုဘို ဘိုဝင်းက ပြောသည်။
COVID-19 ရောဂါပိုးကူး စက်ခံထားရသူဖြစ်သော်လည်း Quarantine Center မှ မော်လ မြိုင်အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ပေးသည့်အချိန် ထိ ရောဂါလက္ခဏာ ပြသမှုမရှိဘဲ သာမန်လူကောင်းတစ်ဦးကဲ့သို့ ရှိနေကြောင်း၊ COVID-19 ရောဂါလက္ခဏာပြမှုမရှိခြင်းသည် စိုးရိမ် ရသည့် အနေအထားတစ်ခုဖြစ်ပြီး သာမန်ပြည်သူတစ်ဦးကဲ့သို့ လူ ထုကြားထဲ သွားလာခဲ့သောကြောင့် မည်သည့်အတိုင်းအတာ ထိ ထိတွေ့ခဲ့သည်ကို မမြင်နိုင် ကြောင်း ၎င်းက ပြောသည်။ အတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့ခဲ့သူများကို ဆက်လက်ရှာဖွေနေပြီး မော်လမြိုင် တက္ကသိုလ်အတွင်းရှိ အဆောင် များတွင် Quarantine ဝင်နိုင်ရန် လုပ်ဆောင်နေကြောင်း ကိုဘိုဘို ဝင်းက ပြောသည်။
ထိုက်ထိုက်/7 day
#popolay #popolaytv #news