ဖလမ်းမြို့ပေါ်ရှိ ဈေးဆိုင်များတွင် သက်တမ်းလွန် စားသောက်ကုန် ကျပ်(၆၀၉၀၀)ဖိုး သိမ်းဆည်းရမိ
27 Aug 2020 1,366 Views
ဖလမ်းမြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဉီးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းပြီး သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ဩဂုတ်လ (၂၆)ရက် နံနက်ပိုင်းက ဆောင်ရွက်ကြပါသည်။ သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးရာတွင် ဖလမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပါဝင်ကာ ဖလမ်းမြို့ ဗိုလ်ချုပ်လမ်းမ တစ်လျှောက်ရှိ ဈေးဆိုင်(၁၆)ဆိုင်တွင် ဝင်ရောက်စစ်ဆေးကြခြင်းဖြစ်ပါသည်။ သိမ်းဆည်းရမိသည့် သက်တမ်းလွန် စားသောက်ကုန်များမှာ တန်ဖိုးအားဖြင့် ကျပ်(၆၀၉၀၀)ခန့် ရှိကြောင်း သိရှိရပါသည်။
ပြန်ကြားရေး
#popolay #popolaytv #News #ဖလမ်း #ချင်း