BEC-TERO TV

ဗန်းမော်မြို့တွင် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းသားများ တီထွင်ပြုလုပ်သော အပူချိန်တိုင်းကင်မရာ တီထွင်မှုအောင်မြင်

26 Aug 2020     1,434 Views


ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ မေဖြိုးဦးက ဦးဆောင်ကြီးကြပ်၍ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား(၆)ဦးတို့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး အထောက်အကူပြု အပူချိန်တိုင်းကင်မရာကို အလွန်သက်သာသော ဈေးနှုန်းဖြင့် ဩဂုတ် ၂၄ ရက်က တီထွင်စမ်းသပ်အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အပူချိန်တိုင်းကင်မရာသည် တယ်လီဖုန်းဖြင့်လည်းကောင်း၊ Smart TV ဖြင့် လည်းကောင်း၊ စောင့်ကြည့်မှတ်တမ်းတင်နိုင်သည့်အပြင် TV နှင့် တယ်လီဖုန်းမပါဘဲ ကင်မရာ၏ LCD ဖြင့် တိုင်းတာမှု ရလဒ်များ၊ ပုံရိပ်များကို ကြည့်နိုင်သည့်အပြင် ကင်မရာတွင် ပါဝင်သော SD Card ဖြင့်လည်း မှတ်တမ်းတင်နိုင်ခြင်းတို့ကို စောင့်ကြည့်နိုင်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျောင်းများ၊ ရုံးအဖွဲ့အစည်းများအတွင်း လူတစ်ဦးမှနေ၍ ကင်မရာကို ကိုင်တွယ်၍ အပူချိန်တိုင်းတာနေစရာမလိုဘဲ အပူချိန်တိုင်းကင်မရာ ရှေ့ရပ်ရုံဖြင့် ကိုယ်အပူချိန်တိုင်းတာ မှတ်တမ်းတင်နိုင်ခြင်း၊ Internet ရရှိပါက ဖုန်းဖြင့် စောင့်ကြည့်စစ်ဆေးနိုင်ခြင်း၊ လူလူခြင်းထိတွေ့မှု မရှိစေခြင်း၊ အချိန်နှင့်လုပ်သားအင်အား သက်သာစေခြင်း၊ ငွေအကုန်အကျသက်သာစေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေပြီး သတ်မှတ်အပူချိန်ကျော်သွားပါက Alarm ပေးနိုင်သည့် စနစ်လည်း ထည့်သွင်းထားကြောင်း၊ လျှပ်စစ်မီးမရသည့် နေရာတွင်လည်း ဓာတ်ခဲဖြင့် အသုံးပြုနိုင်ကြောင်း ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးထံမှ သိရသည်။

အပူချိန်တိုင်းကင်မရာကို (၂)လခွဲကြာ တီထွင်ပြုလုပ်ခဲ့ကြကာ အလွန်သက်သာသော ဈေးနှုန်း ခြောက်သောင်းကျပ်ဖြင့် တီထွင်ဖန်တီးနိုင်ခဲ့ပြီး ယခုလအတွင်း အပူချိန်တိုင်းကင်မရာ (၁ဝ)လုံးခန့် ပြုလုပ်သွားမည်ဖြစ်ပြီး ဗန်းမော်မြို့ရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ဗန်းမော်မြို့ အဝင်အထွက်နေရာများသို့ အခမဲ့တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)/MDN

#popolay #popolaytv #news #သိပ္ပံ #နည်းပညာ


26 Aug 2020     1,434 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS