BEC-TERO TV

အားကစားနှင့်ကာယပညာသိပ္ပံ(ဟားခါး)ကျောင်း အဆောက်အအုံများ စက်တင်ဘာလတွင် စတင်အပ်နှံမည်

20 Aug 2020     1,637 Views


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ၊ ဟားခါးကျောင်းအတွက် လိုအပ်သည့် အားကစားရုံနှင့် အဆောက်အအုံများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိရာ စက်တင်ဘာလတွင် အဆောက်အအုံများ စတင်အပ်နှံနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ အဆောက်အအုံများမှာ အားကစားရုံ(၂)ရုံ၊ မြားပစ်ရုံ၊ဆေးခန်း၊ မော်တော်ယာဉ်ရုံးနှင့်ကားဂိုဒေါင်၊ ကျောင်းသား/ ကျောင်းသူ အိပ်ဆောင်၊ စားရိပ်သာ၊ အရာထမ်းနေအိမ်နှင့် ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ(၂)ထပ် (၃)လုံးတို့ ပါဝင်ပြီး၊ လက်ရှိအနေအထားတွင် အားကစားရုံ တည်ဆောက်ရေးလုပ်ငန်းမှ အပ၊ ကျန်အဆောက်အအုံများ၏ တည်ဆောက်မှုမှာ ၉၉ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပါသည်။ အားကစားရုံကို အောက်တိုဘာလကုန် အပြီးတည်ဆောက်မှာဖြစ်ကြောင်းနှင့် ကျန်အဆောက်အအုံများမှာ စက်တင်ဘာလတွင် အပ်နှံနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ (ဟားခါး)ကျောင်းကို ဟားခါးမြို့၊ မြို့ဟောင်းရပ်ကွက်၊ ဟိုင်ထလန်းရပ် ရှိမြေ (၅၆ ဒသမ ၉၄)ဧကတွင် တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် (၇)တန်းအောင်မြင်ပြီး၊ အသက်(၁၄)နှစ်အရွယ် ရှိသူ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ စံချိန်စံညွှန်းနှင့် ကိုက်ညီသော ကျောင်းသား ကျောင်းသူ (၁၂၀)ဦးကို လက်ခံသင်ကြားပေးမှာဖြစ်ကြောင်း သိရှိရပါသည်။

Source : ပြန်ကြား​ရေး

#popolay #popolaytv #news #ဟားခါး


20 Aug 2020     1,637 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS