အသက် ၁၀၃ နှစ်ပြည့်မှ ပထမဆုံးအကြိမ်တက်တူးထိုးသောဖွားဖွား
17 Aug 2020 1,444 Views
အသက်တွေကြီးလာသည်နှင့်အမျှ တချို့လူတွေက တစ်စုံတစ်ရာကိုပြုလုပ်ဖို့ ပိုပြီးရဲရင့်လာတတ်ကြတယ်၊ ပိုပြီးလည်း လုပ်ချင်လာကြတယ်။ ဘာလို့လဲဆိုတော့ အသက်တွေဒီထက်ပိုကြီးသွားရင် မလုပ်ရတော့ဘူး ဒါမှမဟုတ်လည်း လုပ်ဖို့အချိန် အလွန်နည်းပါးသွားတော့တာတွေကြောင့်ပါပဲ။
အခု ပြောပြမယ့်အကြောင်းအရာက အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်ရှိ အဖွားအိုတစ်ဦးသည် အရင်က သူမ ပြုလုပ်ရန်မဝံ့မရဲဖြစ်ခဲ့တဲ့ အရာတစ်ခုကို သူမသေခင်မှာ ပြုလုပ်သွားရန်ဆုံးဖြတ်လိုက်တယ်ဆိုတဲ့အကြောင်းအရာလေး ဖြစ်ပါတယ်။ လွန်ခဲ့သောနှစ်အနည်းငယ်က “ဒိုရိုတီ ပိုးလက်” ဆိုသူ အဖွားအိုသည် သူ့ရဲ့မြေးဖြစ်သူက သူ့အား တက်တူးထိုးရန် တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် အဲ့ချိန်မှာ အဖွားက မကြိုက်လို့ဆိုပြီး ငြင်းလိုက်ပါတယ်။
သို့သော် မကြာသေးမီက အသက် ၁၀၃ နှစ်ပြည့်သွားသောဖွားဖွားသည် တက်တူးထိုးရန် ဆုံးဖြတ်လိုက်ကာ ဒါဟာ ဘဝမှာ ပထမဆုံးအကြိမ် တက်တူးထိုးခြင်းဖြစ်ပြီးတော့ ဖွားဖွားက ဖားတွေကိုအလွန်ကြိုက်နှစ်သက်တဲ့အတွက်ကြောင့် ဖားပုံကို ထိုးထားကြောင်း တွေ့ရှိရပါတယ်။ မိသားစုဝင်တစ်ဦး၏ ပြောပြချက်အရ ကိုဗစ်ကာလအတွင်းမှာ ဖွားဖွားအား အိမ်မှာအခြားမိသားစုဝင်တွေနဲ့အတူရှိနေ ရင် ကိုဗစ်-၁၉ ကူးစက်မိမှာစိုးရိမ်၍ မတ်စကီဂွန်မြို့ရှိ လုံခြုံစိတ်ချရသော ဘိုးဘွားရိပ်သာစောင့်ရှောက်ရေးဂေဟာတစ်ခုမှာ လအနည်းငယ် ခဏပြောင်းရွှေ့ထားခဲ့တယ်လို့ ဆိုပါတယ်။
ဖွားဖွားအသက် ၁၀၃ နှစ်ပြည့်အချိန်မှာ မွေးနေ့ပွဲကျင်းပပြုလုပ်ပေးရန်အတွက် မိသားစုဝင်များက ဖွားဖွားကို အိမ်ပြန်ခေါ်လာပြီး တက်တူးထိုးချင်တဲ့သူ့ဆန္ဒအတိုင်း လိုက်လျောပေးလိုက်ကြောင်း ဆိုပါတယ်။ ဖွားဖွားက နာတယ်လို့ တစ်စက်မှအော်တာမရှိဘဲ သူ့ရဲ့ဖောက်သည်တွေထဲမှာ ဒါဟာ အသက်အကြီးဆုံးဖောက်သည်တစ်ယောက်ဖြစ်ပါတယ်လို့ တက်တူးဆရာက ပြောသွားခဲ့ပါတယ်။
#popolay #popolaytv #ဘာသာပြန်