BEC-TERO TV

ဆီးရီးယားက အိုင်အက်စ် စစ်သွေးကြွတွေကိုပြင်သစ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်

02 Oct 2015     1,440 Views


ဆီးရီးယားက အိုင်အက်စ် စစ်သွေးကြွတွေကိုပြင်သစ်ကလေကြောင်းတိုက်ခိုက်မှုပထမ ဦးဆုံးအကြိမ်ပြုလုပ်လိုက်ပါတယ်။ပြင်သစ်လေယာဉ်တွေဟာဆီးရီးယားနိုင်ငံအရှေ့ပိုင်း၊ ဒီယာအယ်လ်ဇောမြို့က အိုင်အက်စ်တွေရဲ့သင်တန်းစခန်းကိုတိုက်ခိုက်ခဲ့တာလို့ ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ကပြောပါတယ်။အမေရိကန်ဦးဆောင်တဲ့ညွှန်းပေါင်း အဖွဲ့ဟာ ဆီရီးယားနဲ့အီရတ်က အိုင်အက်စ် စစ်သွေးကြွတွေကိုတိုက်ခိုက်နေတာ ၁ နှစ်ကျော်ရှိသွားပြီးဖြစ်ပါတယ်။ဆီးရီးယားပြည်တွင်းအကျပ်အတည်းအဆုံးသတ်ဖို့အတွက် နိုင်ငံရေးဖြေရှင်းချက်တစ်ခုလိုအပ်မှာဖြစ်ပေမယ့် သမ္မတ “ဘာရှားအာဆတ်”က တော့ဒီဖြေရှင်းချက်မှာတစ်စိတ်တစ်ပိုင်းတောင်ပါဝင်ရမှာမဟုတ်ဘူးလို့မစ္စတာ ဟော်လန်က ကုလသမဂ္ဂမှာပြောကြားလိုက်တာပါ။အစောပိုင်းမှာပြင်သစ်နိုင်ငံဟာ အီရတ်လေပိုင်နက်ထဲကနေ အိုင်အက်စ်တွေကို တိုက်ခိုက်ရာမှာဗြိတိန်နိုင်ငံလို ကန့်သတ်မှုတွေပြုလုပ်ထားခဲ့တာပါ။၂၀၁၁ခုနှစ်မှာဖြစ်ပွားတဲ့ပြည်တွင်းစစ်နဲ့အိုင်အက်စ် တွေကနိုင်ငံရဲ့နေရာတော်တော်များများကို ၂၀၁၄ ခုနှစ်မှာထိန်းချုပ်တိုက်ခိုက်တာတွေ ဆီးရီးယားနိုင်ငံသား ၂ သိန်းကျော်သေဆုံးထားပြီးဖြစ်ပါတယ်။ဒါ့ပြင်ဆီးရီးယားသမ္မတ “ဘာရှာ အာဆတ်”ဟာသူပုန်တွေနေရာကို ဗုံးကြဲချိန် ထောင်နဲ့ချီတဲ့နိုင်ငံသားတွေကို ထည့်မတွက်ဘဲလုပ်ဆောင်ခဲ့တယ်လို့ဝေဖန့်ခံနေရပါတယ်။


02 Oct 2015     1,440 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS