ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 3 ရှိ Gate 4 ကို တိုးချဲ့ဆောက်လုပ်နေမှုကြောင့် သြဂုတ်လကုန်အထိ ယာယီပိတ်ထားမည်
17 Aug 2020 1,490 Views
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြုသူ ပြည်တွင်းခရီးသည်များ ပိုမိုအဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများ အသုံးပြုနိုင်ရန် Terminal 3 ရှိ Gate 4 တွင် အမိုးအကာအသစ်တစ်ခု တိုးချဲ့ဆောက်လုပ်နေသဖြင့် ဩဂုတ် လကုန်အထိ Gate 4 ကို ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသည့် Yangon Aerodrome Company Limited (YACL)၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ Terminal 3 ရှိ Gate 4 တွင် အမိုးအကာအသစ်တစ်ခု တိုးချဲ့ဆောက်လုပ် နေခြင်းကြောင့် ဩဂုတ် ၄ ရက်မှ ၁၀ ရက်အထိ Gate 4 အား ယာယီပိတ်ထားခဲ့ပြီး ယခုအခါ မိုးတွင်းကာလဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမှုတို့ကြောင့် Gate 4 ကို ဩဂုတ် ၃၁ ရက်အထိ ထပ်မံ ပိတ်ထားခြင်းဖြစ်သည်။
အမိုးပါလျှောက်လမ်း စီစဉ်ထားရှိ ထိုသို့ တိုးချဲ့လုပ်ငန်းများ လုပ်ဆောင်နေစဉ်ကာလအတွင်း လေဆိပ်အသုံးပြုသူ ခရီးသည်များအနေဖြင့် Gate 1 နှင့် 2 ကို ဝင်၊ ထွက်ပေါက်အဖြစ် လည်းကောင်း၊ Gate 3 ကို ထွက်ပေါက်အဖြစ် လည်းကောင်း အသုံးပြုသွားရန်နှင့် ခရီးသည်များ သွားလာရေးလွယ်ကူအဆင်ပြေစေရန် ကားရပ်နားရာနေရာနှင့် T3 ပလက်ဖောင်းများ အကြား အမိုးပါ လျှောက်လမ်းတစ်ခုကို ဆက်လက်စီစဉ် ထားရှိပေးထားကြောင်း YACL ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ဦးစားပေးလုပ်ဆောင်နေ YACL အနေဖြင့် လေဆိပ်အသုံးပြုသူခရီးသည်များနှင့် လေဆိပ်ဝန်ထမ်းများအားလုံး၏ ကျန်းမာရေး၊ လုံခြုံစိတ်ချမှုရှိရေး စသည်တို့အတွက်ဦးစားပေးလုပ်ဆောင်နေပြီး လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများကို ထိရောက်မြန်ဆန်မှုရှိအောင် အစဉ်မပြတ်ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။
Credit -ရာမည၊
ဓာတ်ပုံ-YACL #popolay #popolaytv #news #Terminal3