BEC-TERO TV

ငဖဲမြို့နယ်နှင့် ပဒါန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန်းချောင်းရေ မြင့်တက်ကာ အောက်စက်တော်ရာသို့ ကူးသည့်အထူးတံတားထိ ရေမြင့်တက်နေ

17 Aug 2020     1,387 Views


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်နှင့် ပဒါန်းမြို့နယ်တို့တွင် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ၎င်းမြို့နယ် များတွင် ချောင်းဖျားခံကာ စီးဆင်းလာသော ပဇီချောင်းနှင့် ပန်းထိမ်ချောင်းတို့သည် မန်းဆုံကျေးရွာအနီးတွင် မန်းချောင်း နှင့် ပေါင်းဆုံ၍ ရေစီးအားကောင်းလာကာ အောက်စက်တော်ရာသို့ကူးသည့် အထူးတံတားအထိ ရေများ တက်ပြီး မိုးများဆက်လက်ရွာသွန်းနေပါက တံတားရေသို့ မျောပါသွားနိုင်ကြောင်း ဘုရားကျေးရွာရှိ ဦးသန်းထွန်းထံမှ သိရသည်။

" မန်းရွှေစက်တော် ဘုရားတွင်ရှိသော အောက်စက်တော်ရာသို့ ကူးသည့် အထူးတံတားသည် မင်းဘူးမြို့ ရွှေရောင်မြေ မိသားစုမှ ၂၀၁၉-၂၀၂၀ ပွဲတော်ကာလတွင် ဆောက်လုပ်လှူဒါန်းပြီး အကျယ် ၂၀ ပေ၊ အရှည် ၆၀ ပေရှိကာ ကာလ တန်ဖိုး ကျပ်သိန်း ၁၀၀ ကျော် ရှိကြောင်းသိရပါတယ်။

ယခုလက်ရှိ တံတားအောက် ရေအနက်မှာ ၇ ပေနှင့် ရေပြင် အကျယ်မှာ ပေ ၂၀၀ ခန့်ရှိပါတယ်။ သံယက်မများဖြင့် ဘုတ်စုတ်ထားသော်လည်း အပေါ်ဘက် လျှောက်လမ်း အခင်းများမှာ ရိုးရိုးသံများ ဖြင့်သာ ရိုက်ထားသည့်အတွက် အလွယ်တကူ ကျွတ်ထွက်မျောပါသွားနိုင်ပါတယ်။ မိုးဆက်လက်ရွာသွန်းနေပြီး ရေစီးအား အရှိန်ဖြင့် တံတားမျောပါသွားပါက ဘုရားကြီးနှင့် အလှူရှင်မိသားစုများအတွက် စိတ်မကောင်း ဖြစ်ကြမှာပါ။ ရေတက်သည့် ကိစ္စနှင့်ပတ်သက်ပြီး အလှူရှင်မိသားစုကိုလည်း ရွှေစက်တော်ဂေါပကအဖွဲ့မှ အသိပေးထားပြီးဖြစ်ပါတယ် '' ဟု ဘုရား ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောသည်။

Credit : ဇေယျာထက် (မင်းဘူး)

#popolay #popolaytv #news #မင်းဘူး


17 Aug 2020     1,387 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS