BEC-TERO TV

COVID - 19 ကာကွယ်ဆေး ထိုးဆေးအလုံးရေ ၁ ဘီလီယံကျော် အမှာစာရရှိဟု ရုရှားပြော

12 Aug 2020     1,485 Views


ရုရှားအစိုးရဟာ အသစ်ကြေညာထားတဲ့ COVID - 19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ဆေး ထိုးဆေး အလုံးရေ ၁ ဘီလီယံကျော်အတွက် နိုင်ငံခြားအမှာစာတွေ လက်ခံရရှိထားပြီးပြီလို့ ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေဌာန အမှုဆောင်အရာရှိချုပ် ကီရဲလ်ဒမစ်ထရစ်က ပြောပါတယ်။ ဒီတီထွင်မှုဟာ ဆိုဗီယက်ပြည်ထောင်စုခေတ်က ကမ္ဘာ့ပထမဆုံး ဂြိုဟ်တု စပွတ်နစ်ခ်ဝမ်းကို လွှတ်တင်နိုင်သလို သမိုင်းဝင် ဖြစ်ရပ်ပဲဖြစ်တယ်၊ ဒီကာကွယ်ဆေးကို စပွတ်နစ်ခ်ဖှိုက် (Sputnik V)လို့ နာမည်ပေးပြီး နိုင်ငံခြားဈေးကွက်မှာ ဈေးကွက်တင်မယ်လို့လည်း ပြောပါတယ်။

ကာကွယ်ဆေး လက်တွေ့ စမ်းသပ်ချက်ကို အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ မကြာခင်စဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောပါတယ်။ နိုင်ငံတကာသဘောတူညီချက်တွေအရ နှစ်စဉ် ကာကွယ်ဆေး ထိုးဆေးအလုံးရေ သန်း ၅၀၀ ထုတ်လုပ်မှာဖြစ်ပြီး ကာကွယ်ဆေးတွေကို ဘရာဇီးနိုင်ငံမှာ ထုတ်လုပ်ဖို့ မျှော်လင့်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကာကွယ်ဆေးဟာ နောက်ဆုံးတစ်ဆင့် စမ်းသပ်မှု ပြီးစီးဖို့ လိုနေသေးပြီး အမြန်အတည်ပြုတာကို ပညာရှင်တချို့က စိုးရိမ်နေပါတယ်။ ဒါပေမယ့် ရုရှားလုပ်ငန်းပေါင်းစုံ လုပ်ငန်းစုကြီး စစ်တေမာကတော့ ဒီနှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေးကို အမြောက်အမြား ထုတ်လုပ်ဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။

Credit:

#Popolay #Popolaytv #News #Russia #Sputnik_5 #COVID_19


12 Aug 2020     1,485 Views




RELATED

Most Popular of International News

Most Popular of NEWS