ဗိုလ်တထောင်မြို့နယ်တွင် တင်နာအငွေ့များ အပူချိန်လွန်ကဲရာမှ ပေါက်ကွဲမှု ဖြစ်ပွား၍ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ
10 Aug 2020 1,408 Views
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် မိသားစုရပ်ကွက်ရှိ သိမ်ဖြူသင်္ဘောကျင်း၌ ဩဂုတ် ၈ ရက်နေ့ ည ၆ နာရီအချိန်က ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ Upland သင်္ဘောဆောက်လုပ်ရေးကုမ္ပဏီမှ ဆေးမှုတ်တာဝန်ခံဖြစ်သူ ထွန်းထွန်းဦး(၄၆)နှစ်ပါ ဦးစီးအဖွဲ့သည် မြန်မာဆိပ်ကမ်း အာဏာပိုင် အဖွဲ့ပိုင် ဆောက်လက်စသင်္ဘော၏ ရေတိုင်ကီခန်း အတွင်း၌ ဆေးသုတ်နေစဉ် ဆေးနှင့်ရောစပ်ထားသော တင်နာအငွေ့များ အပူချိန်လွန်ကဲရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရေတိုင်ကီခန်းအတွင်း ဆေးမှုတ်နေသည့် နိုင်လင်းထွန်း(၃၅)နှစ်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ထွန်းထွန်း(၃၅)နှစ်တွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် ထွန်းထွန်းဦးအား ဗိုလ်တထောင်မြို့မရဲစခန်း က အရေးယူထားကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။
Source : ရဲပြန်ကြား
#popolay #popolaytv #news