ငွေလွဲဝန်ဆောင်ခ ၃၀% အထိလျှော့လိုက်ပြီဖြစ်တဲ့ TrueMoney
10 Aug 2020 1,436 Views

TrueMoney သည် သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေသက်သာစေသော ပြည်တွင်းငွေလွှဲနှုန်းအား လျှော့ချပေးသည့် “တန်ချက်က လန်ထွက်” အစီအစဉ်အား မကြာသေးမီက ကြေညာခဲ့ပြီး အဆိုပါ အစီအစဉ်အရ ပြည်တွင်းငွေလွှဲဝန်ဆောင်မှု ဈေးကွက်တွင် ၃၀ ရာခိုင်နှုန်းပိုမိုသက်သာစေမည် ဖြစ်ကြောင်း သိရသည်။ TrueMoney Co., Ltd. အား ၂၀၀၃ ခုနှစ်တွင် True Corporation မှ စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဒေသဆိုင်ရာရုံးချုပ်ကိုထားရှိ၍ ၂၀၁၅ တွင် Ascend Group ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။
Ascend Group ၏ လုပ်ငန်းခွဲဖြစ်သော TrueMoney Myanmar ကို ၂၀၁၄ ခုနှစ်၊ နိုင်ဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာတစ်ပြည်လုံး ကိုယ်စားလှယ်ပေါင်း ၂၀,၀၀၀ ကျော်ရှိဖြင့်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု အသုံးပြုခွင့်မရသော ပြည်သူလူထုအတွက် ဖုန်းငွေဖြည့်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ပြည်တွင်း၊ပြည်ပ ငွေလွှဲ၊ငွေထုတ်ခြင်းများကို လွယ်ကူစိတ်ချစွာ အသုံးပြုနိုင်ရန် အဓိကထားပြီး လုပ်ဆောင်ပေးနေကြောင်း သိရသည်။
TrueMoney သည် မြန်မာနိုင်ငံမှ သုံးစွဲသူများအတွက် သက်သာ၍ အဆင့်မြင့်သော ဝန်ဆောင်မှု အရည်အသွေးများကို ပေးစွမ်းနိုင်ရန်နှင့် အေးဂျင့်ကွန်ရက်ကို ပိုမိုခိုင်မာစေရန် ဒေါ်ကြည်သာရိုမန်နက်အား TrueMoney Myanmar ၏ Managing Director အဖြစ် ခန့်အပ်ကြောင်း ကြေညာထားသည်။
“ကျွန်မအနေနဲ့ မြန်မာနိုင်ငံမှာ ဒီဂျစ်တယ် မိုဘိုင်းငွေပေးချေမှုတွေကို လက်ခံသုံးစွဲမှု များပြားလာတဲ့အချိန်မှာ TrueMoney Myanmar နဲ့ လက်တွဲခွင့်ရတဲ့အတွက် အရမ်း စိတ်လှုပ်ရှားမိပါတယ်။ အသင်းအဖွဲ့တစ်ခုအနေနဲ့ ကျွန်မတို့က မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ စိတ်ချယုံကြည်ရပြီး စိတ်ကြိုက်ငွေပေးချေမှုတွေကို လုပ်ဆောင်နိုင်တဲ့ ဝန်ဆောင်မှုကို ပေးအပ်ပြီး သုံးစွဲသူ သန်းပေါင်းများစွာနဲ့ မိတ်ဖက်ကုမ္ပဏီများကို တိုးချဲ့ပေးသွားနိုင်ဖို့ အဆက်မပြတ် ကြိုးစားလျက်ရှိပါတယ်” ဟု ဒေါ်ကြည်သာက ဆိုသည်။ မြန်မာနိုင်ငံတွင် လူဦးရေ၏ ခြောက်ရာခိုင်နှုန်းခန့်သာ ငွေကြေးဝန်ဆောင်မှုများကို အသုံးပြုခွင့်ရနေသေးသည်။