BEC-TERO TV

နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေကို တိုက်ဖျက်ဖို့ ASEAN+3 နိုင်ငံတွေကသဘောတူညီ လိုက

02 Oct 2015     1,418 Views


ဒေသတွင်းနိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေကိုတိုက်ဖျက်ဖို့ထောက်လှမ်းရေးနဲ့စုံစမ်း ရေးနည်းပညာတွေကိုမျှဝေသွားဖို့အာဆီယံနိုင်ငံ ၁၀ နိုင်ငံနဲ့ဆွေးနွေးဖက် ၃ နိုင်ငံတို့ ကြားသဘောတူညီချက်ရရှိသွားပြီးဖြစ်ပါတယ်။စက်တင်ဘာလ ၃၀ ရက်မှာကွာလာလမ် ပူမြို့မှာကျင်းပတဲ့နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများဖြေရှင်းရေးတိုင်ပင်မှုဆိုင်ရာဝန်ကြီးများအဆင့်ဆွေးနွေးပွဲမှာအာဆီယံအဖွဲ့ရဲ့ဆွေးနွေးဖက် ၃ နိုင်ငံဖြစ်တဲ့တောင်ကိုရီးယား၊ ဂျပန် နဲ့တရုတ်နိုင်ငံတို့ကကိုယ်စားလှယ်တွေကဒီကိစ္စကိုဖော်ပြခဲ့တာဖြစ်ပါတယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး နာဂျက်လန်က ပြောပါတယ်။နယ်စပ်ဖျက်ကျော် ရာဇ၀တ်မှုတွေကိုတိုက်ဖျက်စုံစမ်းရာမှာသက်ရောက်မှု ရှိစေဖို့သတင်းအချက်အလက်နဲ့သင်တန်းပေးမယ့်အစီစဉ်တွေကိုပါကူညီပေးသွားဖို့ တရုတ်၊ ဂျပန်နဲ့ကိုရီးယားနိုင်ငံတွေကပြောထားတယ်လို့လည်းပြောပါတယ်။အာဆီယံအ ဖွဲ့ဝင်နိုင်ငံတွေနဲ့ဆွေးနွေးဖက်နိုင်ငံတွေရဲ့ဥပဒေယန္တယားတွေကိုက်ညီမှုရှိရေးနဲ့တိုးမြှင့်ရေး အရေးပါပုံကိုလည်းတံခါးပိတ်အစည်းဝေးပွဲအတွင်းဆွေးနွေးခဲ့တယ်လို့လည်း ဒုဝန်ကြီး “နာဂျက်လန်”ကပြောပါတယ်။


02 Oct 2015     1,418 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS