BEC-TERO TV

ဂျပန်၌ ဖေ့စ်ဘွတ်ခ်အကောင့် ၇၆၀၀ ကျော်အခိုးခံရ

06 Aug 2020     1,523 Views


ဂျပန်နိုင်ငံ၌ ဖေ့စ်ဘွတ်ခ်အကောင့် ၇၆၀၀ ကျော် အခိုးခံလိုက်ရသည်ဟု ယူဆကြောင်း၊ အဆိုပါ ဖေ့စ်ဘွတ်ခ်အကောင့်များ ကို ရုရှားအခြေစိုက် ဆာဗာထဲတွင် သိမ်းဆည်းထားကြောင်း ဆိုက် ဘာ လုံခြုံရေးကုမ္ပဏီတစ်ခုက ဩဂုတ် ၄ ရက်တွင် ပြောကြား လိုက်သည်။ ဇွန်လနှောင်းပိုင်း ခန့်ကလည်း ပြည်တွင်း အသုံးပြု သူများအနေဖြင့် လူမှုမီဒီယာဆိုက် များပေါ်တွင် သူငယ်ချင်းအယောင် ဆောင်သူများထံမှ ပေးပို့သော ဗီဒီယိုများကို လက်ခံရရှိခဲ့ကြောင်း အစိုးရနှင့် ချိတ်ဆက်ထားသည့် သတင်းအချက်အလက် နည်းပညာ မြှင့်တင်ရေး အေဂျင်စီက ပြောသည်။

အကယ်၍ ဗီဒီယိုကိုသာ လက်ခံပြီးကြည့်လိုက်ပါက အဆိုပါ ဗီဒီယိုလင့်ခ်က အသုံးပြုသူများကို ဝက်ဘ်ဆိုက်အတုဆီ ခေါ်ဆောင် သွားပြီး ထိုမှတစ်ဆင့် အကောင့် ကို ခိုးယူလိုက်ခြင်းဖြစ်သည်။ ဖေ့စ်ဘွတ်ခ် ကုမ္ပဏီက သံသယရှိသည့်အတုအယောင်လိမ် လည်မှုများကို အတည်မပြုသေး သော်လည်း ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီဖြစ်သည့် ဆိုလာဒေါ့ကွန်း ကုမ္ပဏီက ၎င်းတို့ကုမ္ပဏီအနေဖြင့် ဇူလိုင်လကုန်တွင် ဖေ့စ်ဘွတ်ခ် အကောင့်ပေါင်း ၁၀၀၀၀ ကျော်ကို ဝက်ဘ်ဆိုက်အတုများမှ တစ်ဆင့် ရုရှားအခြေစိုက် ဆာဗာထဲတွင် သိမ်းဆည်းထားသည်ကို ခြေရာခံ မိကြောင်း ပြောကြားလိုက်သည်။

ပုံစံတူများ (ဂျူပလီကိတ်)များကို သာ ဖယ်ရှားလိုက်ပါက အဆိုပါ ဆာဗာထဲတွင် ဖေ့စ်ဘွတ်ခ် အကောင့်ပေါင်း ၇၆၃၀ ကျော်ကို တွေ့ရမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဆန်ဒိုင်း ကုမ္ပဏီက ပြောကြားလိုက်သည်။ အကောင့်ခိုးယူသည့်အဖွဲ့ အနည်းဆုံး ရှစ်ဖွဲ့ခန့်ရှိမည်ဖြစ်ကြောင်း ဆိုလာဒေါ့ကွန်းကုမ္ပဏီက ပြော ကြားလိုက်သည်။

Credit

#popolay #popolaytv #news #Facebook #Japan


06 Aug 2020     1,523 Views




RELATED

Most Popular of International News

Most Popular of NEWS