မိုးသည်းထန်စွာရွာသွန်းပြီး ရထားလမ်းရေကျော်နေသဖြင့် ရန်ကုန်-မန္တလေးရထား ခရီးစဉ် ယာယီပိတ်ထားရ
05 Aug 2020 1,376 Views
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် တော်ဝိဘူတာနှင့် ပိန်းဇလုပ်ဘူတာကြား မိုင်တိုင်အမှတ် ၉၈/၅-၁၅ ကြားရှိ တံတားအမှတ် (၁၃၆) တွင် ယမန်နေ့ရက်များကမိုးသည်းထန်စွာရွာသွန်းခဲ့ရာ ရထား လမ်းရေကျော်တိုက်စားမှု ဖြစ်ခဲ့သည့်အတွက် ရန်ကုန် - မန္တလေး ရထားခရီးစဉ်ကို ယာယီပိတ်ထားရ ကြောင်း မြန်မာ့မီးရထား တိုင်း ၇ က သိရသည်။ ဩဂုတ်လ ၄ ရက် နံနက် ၈ နာရီ ၂၁ မိနစ်မှစ၍ ရထားလမ်း ပိတ်ထားခဲ့ရပြီး ရေကျော်နေသည့်နေရာသို့ မြန်မာ့မီးရထား ရုံးချုပ် တာဝန်ရှိသူများနှင့် အမှတ်(၆)တိုင်းမှ တာဝန်ရှိသူများ ရောက်ရှိခဲ့ပြီး စစ်ဆေးရာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ယနေ့ ရန်ကုန်-မန္တလေးခရီးစဉ် ပြေးဆွဲမည့် အမှတ်(၅) အဆန် အမြန်ရထားနှင့် အမှတ် (၃)အဆန်အမြန်ရထားခရီးစဉ်တို့ကို ယာယီဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။ ခရီးစဉ်ဖျက်သိမ်းခဲ့ရသည့်အတွက် လက်မှတ်ခငွေများကို ပြန်အမ်းပေးသွားမည်ဖြစ်ကြောင်းနှင့် ရထားလမ်းပိုင်း အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာ့မီးရထား တာဝန်ရှိသူများမှ ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
Credit : ကောင်းမြတ်ရာ
#popolay #popolaytv #news #ရန်ကုန် #မန္တလေး #ရထားလမ်း