BEC-TERO TV

အစွမ်းထက်သည့်မြင်းခွါပင်

04 Aug 2020     1,577 Views


မြင်းခွါပင်ဆိုလျှင် မြန်မာလူမျိုးတိုင်း သိကြပါတယ်။ မြင်းခွါပင်ဟာ အပင်ငယ်လေးဖြစ်တယ်။ မြေကြီးမှာကပ်ပြီး ပေါက်ပွားတယ်။ အဆစ်ကလေးတွေက အမြစ်များထွက်လာတယ်။ အဲဒီအဆစ်ကလေးများက အညွန့်နှာမောင်း ထွက်လာပြီး မျိုးဆက်များကို ပွားလေ့ရှိတယ်။ သူ့အရွက်ကလေးဟာ မြင်းသတ္တဝါရဲ့ခွါနဲ့တူလို့ သူ့ကို မြင်းခွါပင် လို့ခေါ်ခြင်းဖြစ်တယ်။ မြင်းခွါပင်လေးများဟာ ရေစပ်စပ်ရှိတဲ့နေရာမှာ ပိုပြီးပေါက်ပွားတယ်။

တဆောင်းလုံး၊ တမိုးလုံးမှာ မြင်းခွါပင်ကလေးများဟာ မြန်မာပြည်အနှံ့မှာ အလေ့ကျပေါက်တယ်။ မြန်မာပြည်ဟာ စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုရှိတယ်။ ဒီလိုရာသီဥတုမျိုးရှိတဲ့ ရေ,မြေမှာ မြင်းခွါပင်လေးဟာ သိပ်ကြိုက်တာပေါ့။ သူ့အပွင့်လေးက ဖြူဖြူလေး၊ သူ့အသီးငယ်ထဲက အစေ့က အပြား အလျားလိုက် သေးငယ်တဲ့အမြှောင်း ကိုးမြှောင်းပါတယ်။ မျိုသုံးမျိုး--- မြင်းခွါပင်ကလေးတွေဟာ အများအားဖြင့် အလေ့ကျပေါက်လေ့ရှိတယ်။

ဒါပေမဲ့ စိုက်ပျိုးရေးသမားများက မြောင်းပေါင်ကလေးတွေလုပ်ပြီး စိုက်ကြ၊ မြေသြဇာကျွေးကြတော့ သန်လိုက်တဲ့ဖြစ်ခြင်း။ အဲဒီလိုစိုက်ပျိုးရေးက ထုတ်လုပ်တဲ့ မြင်းခွါပင်ကလေးတွေကို နုတ်ယူပြီး နှီးနှင့်စည်းကာ ရောင်းချကြတယ်။ ဘယ်စျေးမှာဖြစ်ဖြစ် ကုန်စိမ်းသည်တွေထံမှာ ဝယ်လို့ရတယ်။ အလွယ်တကူ စားသုံးနိုင်တယ်။ မြင်းခွါပင်ကလေးများဟာ မျိုးသုံးမျိုး ရှိတယ် ပထမမျိုးက---အရိုင်းမျိုး၊ အဲဒီအရိုင်းမျိုးရဲ့အရွက်တွေက စုတ်ဖွားဖွားနှင့်၊ သူ့ကို လူတွေက မစားသုံးကြပါဘူး။ ဒုတိယမျိုးကတော့---မြင်းခွါရွက် အဖြူမျိုးပဲ၊ အဲဒီမြင်းခွါပင်ရဲ့ အရိုးလေးတွေဟာ ဖြူနေတယ်။

ဒါကြောင့် သူ့ကို အဖြူမျိုးလို့ ခေါ်ခြင်းဖြစ်တယ်။ တတိယမျိုးကတော့---အနီမျိုးပဲ။ သူ့အရိုးမှာ အနီရောင်သန်းနေတယ်။ အဖြူမျိုးထက် အနီမျိုးက ပိုပြီးအစွမ်းထက်မြက်တယ်။ တနည်းအားဖြင့်---ဆေးဝါးအာနိသင် ပိုပြီးပြည့်ဝတယ်။ မြင်းခွါပင်ဟာ သေးလည်းသေး၊ တွေ့ဖူး မြင်ဖူးနေကြလို့ အထင်အမြင်သေးကြတယ်။ အထင်အမြင်မသေးလိုက်ပါနဲ့။ အစွမ်းအလွန်ထက်တဲ့ ဆေးပင်ကလေးပါ။ ဒါပေမဲ့ လူအများက သူ့ကို အထင်မကြီးဘူး။ ငွေများများပေးပြီး ဝယ်သောက်ရတဲ့ဆေးကိုမှ အထင်ကြီးကြတယ်။ အလွယ်တကူ ကိုယ့်နိုင်ငံမှာရှိတဲ့ မြင်းခွါပင်ကို အထင်သေးကြတယ်။ မြင်းခွါပင်ကလေးကို စားသုံးခြင်းဖြင့် လူကို ကောင်းသောအကျိုးကျေးဇူးသာပြုတယ်။ တိုင်းတပါးဆေးလို ဘေးထွက်ဆိုးကျိုး မပေးဘူး။ အဲဒီလို သစ္စာရှိရှိ၊ တာဝန်သိသိ အကျိုးကျေးဇူးပြုတဲ့ မြင်းခွါပင်ကလေးပါ။

အရသာ--- မြင်းခွါပင် ပဉ္စငါးပါးဟာ ချို, ခါး, အေး အရသာရှိပါတယ်။ ဂုဏ်နှင့်စွမ်းရည်--- မြင်းခွါပင်ကလေးဟာ ဆီးပူ၊ ဆီးနည်း၊ ဆီးအောင့်၊ ဆီးသွေးပါ၊ ဆီးကျင်၊ သွေးဝမ်းသွားခြင်းရောဂါများအတွ က် ဆေးအသုံးဝင်လှတယ်။ မြင်းခွါပင်ဟာ ဆီးကို အထူးရွှင်တယ်။ ပြီးတော့ လူ့ခွန်အားကိုလည်း တိုးပွားစေတယ်။ ပြီးတော့ နေ့စဉ်မှန်မှန် မြင်းခွါရွက်ကိုစားပေးခြင်းဖြင် ့ အမောအပန်းခံနိုင်တယ်။ သက်လုံကောင်းတယ်၊ ပြီးတော့ မြင်းခွါရွက်ကို မှန်မှန်စားပေးခြင်းကြောင့် သွေးတိုးရောဂါ၊ အဆုတ်ရောဂါ၊ ချောင်းဆိုးရောဂါတွေကို သက်သာပျောက်ကင်းစေတယ်။

နောက် ရေငတ်ရောဂါကို ပျောက်ပြီး အပူကိုငြိမ်းစေတယ်။ အသက်ကို ရှည်စေတယ်။ ဦးနှောက်ကို ကြည်လင်စေတယ်။ မှတ်ဉာဏ်ကောင်းလာစေတယ်။ ဖြူနေတဲ့ဆံပင်ကို မြင်းခွါရွက်ကို နေ့စဉ်ဆက်ပြီးစားပေးခြင်းဖြင့် ပိတုန်းရောင်ကေသာလို ပြန်လည်နက်မှောင်လာစေတယ်။ ဒါကြောင့် မြင်းခွါပင်ကလေးဟာ အနေစုတ်ပေမယ့် ရွှေထုပ်တဲ့မြပဝါလိုပါလို့ တင်စားချင်တယ်။ မြင်းခွါပင်နှင့် ဆေးအသုံးများ--- ဆီးရောဂါအမျိုးမျိုးအတွက်--- (၁) ဆီးနည်း၊ ဆီးကျင်၊ ဆီးအောင့်ရောဂါမျာအးတွက် မြင်းခွါပင် သုံးလေးစည်းကို ရေစင်အောင်ဆေးပြီး သန့်ပြန့်တဲ့ ကျောက်ဆုံနှင့်ထောင်းပြီး အရည်ညှစ်ယူပါ။ အဲဒီအရွက်စိမ်းညှစ်ရေကို ရှေးက သတ္ထုရည်လို့ ခေါ်တယ်။ အဲဒီရွက်စိမ်းရည်ထဲကို သကြားသင့်ရုံထည့်ပြီး လူကြီး လက်ဖက်ရည်အကြမ်း တပုဂံကို ည-မနက် တိုက်ပေးရတယ်။

ကလေးကြီးဆိုလျှင် လက်ဖက်ရည်အကြမ်းပုဂံ တဝက်၊ နို့စို့ကလေးဆိုရင် လက်ဖက်ရည်ဇွန်း တဇွန်း တိုက်ရမယ်။ သတိထားရမှာက လူကြီးတွေမှာ သွေးချို၊ ဆီးချိုရှိနေရင် သကြားမထည့်ရဘူး။ ဒီအတိုင်းပှု တိုက်ရမယ်။ သက်လုံကောင်းအောင်--- (၂) မြင်းခွါပင် ပဉ္စငါးပါးကို သန့်စင်ပြီး ညက်အောင်ထောင်းကာ အရည်ညှစ်ယူပြီး ပျားရည်အနည်းငယ်ဖြင့် ရောစပ်ကာ လက်ဖက်ရည်အကြမ်းပုဂံတလုံးကို နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အမောအပန်းပြေစေပြီး အားခွန်ဗလ တိုးမယ်။ အမောအပန်းကို ခံနိုင်ပြီး သက်လုံကောင်းတယ်။

မျက်စဉ်း--- (၃) မျက်စိနာ၊ မျက်ရည်ယို၊ မျက်စိကျိန်းစပ်သော ရောဂါဖြစ်လျှင် မြင်းခွါရွက် ရွက်စိမ်းရည်ကို အရည်ကြည် စစ်ယူပြီး အဲဒီအရည်ကြည်ကို ဝါဂွမ်းစနှင့်တို့ပြီး ည-မနက် မျက်စဉ်းခတ်ပေးလျှင် သက်သာပျောက်ကင်းစေ နိုင်တယ်။ သွေးစုနာနှင့် အနာစိမ်း--- (၄) သွေးစုနာနှင့် အနာစိမ်းများ လူ့ခန္ဓာကိုယ်မှာ ပေါက်လာရင် မြင်းခွါရွက်နှင့် စပါးလင် ဆတူရောကြိတ်ကာ အုံပေးထားရမယ်။ ပတ်တီးစည်းလို့ရရင်လည်း ပတ်တီးစည်းထားပေါ့။ အဲဒီလို ပတ်တီးစည်းပေး၊ အုံပေးထားရင် သွေးစုနာနှင့် အနာစိမ်းများ အပျောက်မြန်ပြီး အနာရဲ့အမြစ်ပါ ကျွတ်ထွက်သွားတာကို တွေ့ရမယ်။ အဆစ်များ ကိုက်ခဲလျှင်--- (၅) မြင်းခွါပင်ကလေးများကို ရေနှင့်သန့်ပြီး အရည်ညှစ်ယူပါ။

ပြီးလျှင် ရေနံဆီနှင့် ဆတူရောရတယ်။ ပြီး အဆစ်အမြစ် ကိုက်ခဲခြင်း၊ အကြောတက်ခြင်း စသည့်နေရာတွေမှာ နာနာပွတ်လိမ်းပေးပါ။ (မနက်တကြိမ်၊ ညတကြိမ်) အဲဒီလိုပြုလုပ်ပေးရင် အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် အကြောတက်ခြင်းတို့မှ သက်သာပျောက်ကင်း ပါတယ်။ ဆီပူလောင်ခြင်း ရေနွေးပူလောင်ခြင်း--- (၆) အမှတ်တမဲ့ ရေနွေးပူလောင်ခြင်း၊ ဆီပူလောင်ခြင်းဖြစ်လျှင် ချက်ချင်း မြင်းခွါရွက်ကို ထုထောင်းပြီး အရည်ညှစ်ယူကာ သကြားဖြင့် ရောစပ်ပြီး ဒဏ်ရာကို ဝါဂွမ်းဖြင့် မကြာခဏလိမ်းပေးရမယ်။ အဖုပေါက်ခြင်း၊ ပူလောင်ခြင်း ဝေဒနာမှ သက်သာပျောက်ကင်းသွားမည် ဖြစ်ပါတယ်။ မှတ်ဉာဏ်နှင့် အားတိုးဆေး--- (၇) မြင်းခွါရွက်စိမ်းရည် တကျပ်ခွဲသားနှင့် သကြား တကျပ်သားတို့ကို နွားနို့စစ်စစ် ပူပူဖြင့် နေ့စဉ် မှန်မှန် သောက်ပေးသွားပါက ကာမအားကို တိုးပွားစေပြီး မှတ်ဉာဏ်ကောင်းလာမယ်။ ဉာဏ်ပညာလည်း ထက်မြက်စေပါတယ်။ အထက်ပါ မြင်းခွါပင်ကလေးနဲ့ပတ်သက်ပြီး တင်ပြချက်များဟာ အလွယ်တကူပြုလုပ်နိုင်သော နည်းနာများသာ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲများ မပါပါ။ နေ့စဉ်မြင်တွေ့နေရတဲ့မြင်းခွါပင်ကလေးကို အထင်တော့ မသေးလိုက်ပါနဲ့။ အနောက်တိုင်းဆေးသုတေသန ပညာရှင်များက အောက်ပါအတိုင်း ဓာတ်ခွဲစမ်းသပ်ချက်များကိုပါ ပူးတွဲတင်ပြလိုက်ပါတယ်။

--- THE GREAT POWER OF VILLARI အမည်ဖြင့် မြင်းခွါပင်၏ တန်ခိုးသတ္တိထူးများကို ရေးသားထားသည့် အိန္ဒိယဆေးကျမ်းကြီးတစောင် ရှိခဲ့ပါတယ်။ အဲဒီဆေးကျမ်းကြီးဟာ မြတ်ဗုဒ္ဓမပွင့်မီက ပေါ်သော မန္ဂန္တရီ ဆရာကြီး၏ မန္ဂန္တရီဆေးကျမ်းကြီးပင် ဖြစ်ပါတယ်။ အဲဒီဆေးကျမ်းကြီးထဲမှာ မြင်းခွါပင်ကလေးများ၏ စွမ်းပကားကို တခမ်းတနား ဖော်ပြထားတာကိုလည်း တွေ့ရှိရပါတယ်။

တဖန် အယ်လ်ဂျီးရီးယားနိုင်ငံမှ သုတေသနပညာရှင်များက သုတေသနပြုကြရာမှာ မြင်းခွါပင်ကလေးများ၌ ပြိုင်ဘက်ကင်းသော Vitamin ခေါ် နေရောင်ခြည်ဓာတ်တမျိုးကို တွေ့ခဲ့ရပါတယ်။ ထို့အပြင် မြင်းခွါပင်ကလေးမှာ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ အက်ဖ်အထိ တွေ့ရှိရကြောင်း ကမ္ဘာကို ဖော်ထုတ်ခဲ့ပါတယ်။ နောက်ထပ် မြင်းခွါပင်၌ တွေ့ရှိ်ရသော ဗီတာမင်ကို ဂျီဟုအမည်တပ်လိုက်ပါတယ်။ မြင်းခွါပင်ကလေးဟာ ငယ်ပင်ငယ်သော်ငြားလည်း ဆေးဝါးအာနိသင် ထက်မြက်စူးရှမှု အပြည့်ရှိကြောင်း တင်ပြလိုက်ရပါတယ်။

Crd


04 Aug 2020     1,577 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS