BEC-TERO TV

TikTok ကို ဝယ်ယူနိုင်ရေး သဘောတူညီချက် ရရှိရန် Microsoft က ဆက်လက်ဆွေးနွေးနေ

04 Aug 2020     1,451 Views


လူကြိုက်များ ခေတ်စားသော ဗီဒီယိုဆော့ဖ်ဝဲ TikTok ကို ပိတ်ပင်ရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က အစောပိုင်း တွင် ခြိမ်းခြောက်ထားသည်။ မိုက်ခရိုဆော့ဖ် ၏အမှုဆောင်အရာရှိချုပ် ဆာတယာနာဒယ်လာနှင့်သမ္မတ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်ရှိ TikTok လုပ်ငန်း များကို မိုက်ခရိုဆော့ဖ်က ဝယ်ယူရန် ဆက် လက်ဆွေးနွေးသွားမည်ဟု ကြေညာချက် ထုတ်ခဲ့ခြင်းဖြစ်သည်။

TikTok ကို ဝယ်ယူနိုင်ပါက မိုက်ခရို ဆော့ဖ်အတွက် လူမှုမီဒီယာစျေးကွက်ကို ထိုးဖောက်ဝင်ရောက်ရန် အခွင့်အရေး တစ်ခု ဖြစ်လာနိုင်သည်။ နည်းပညာလုပ်ငန်းကြီး မိုက်ခရိုဆော့ဖ်သည် လောလောဆယ်တွင် ပရိုဖက်ရှင်နယ်လုပ်ငန်းသုံးလူမှုမီဒီယာ LinkedIn နှင့်ကုမ္ပဏီများအတွက် သတင်း တိုဝန်ဆောင်မှု Teams ကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ အမျိုးသားလုံခြုံရေးနှင့်ပတ်သက်ပြီး သမ္မတ၏စိုးရိမ်မှုများကို ဖြေရှင်းရန် အရေး ကြီးသည်ဟု မိုက်ခရိုဆော့ဖ်က အသိအမှတ်ပြု ဝန်ခံခဲ့သည်။

အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်ရှိ TikTok ၏လုပ်ငန်း ခွဲများကို မိုက်ခရိုဆော့ဖ်က ပိုင်ဆိုင်ရေးအတွက် ဆွေးနွေးမှုများကို စက်တင်ဘာ ၁၅ တွင် အပြီးသတ်ရန် မျှော်လင့်ထားကြောင်း မိုက်ခရိုဆော့ဖ်က ပြောကြားခဲ့သည်။ ဗီဒီယိုအပိုင်းတိုများ ဖန်တီးနိုင်သည့် အတွက် လူငယ်များအကြားတွင် ခေတ်စားသော TikTok ကို ကမ္ဘာတစ်ဝန်းတွင် သုံးစွဲ သူ တစ်ဘီလျံခန့် ရှိမည်ဟု ခန့်မှန်းထားကြ သည်။ တရုတ်ကွန်မြူနစ်ပါတီနှင့်ဆက်နွှယ်နေသော ယင်းဆော့ဖ်ဝဲ၏ အမျိုးသားလုံခြုံ ရေး အန္တရာယ်များကြောင့် သမ္မတ ထရန့် သည် TikTok ကို လာမည့်သီတင်းပတ် အ နည်းငယ်အတွင်း အရေးယူဆောင်ရွက်မည် ဟု နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက Fox News သို့ ပြောကြားခဲ့ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီး အမ်နျူချင်က TikTok ကို ရောင်းချသင့်ကြောင်း သို့မဟုတ်ပါက အမေရိကန်တွင် ပိတ်ပင်မည်ဖြစ်ကြောင်း သြဂုတ် ၂ အစောပိုင်းတွင် ပြောကြားခဲ့သည်။

တရုတ်ထောက်လှမ်းရေးအတွက် အသုံးချလက်နက်တစ်ခု ဖြစ်နေသည်ဆို သော စွပ်စွဲချက်များကို TikTok က ငြင်းဆို ထားသည်။ TikTok ကို ပိတ်ပင်ပါက အမေရိကန်သည် အကြီးမားဆုံး ထိခိုက်သူ ဖြစ် လာမည် ဖြစ်ကြောင်း အတိုင်ပင်ခံလုပ်ငန်း Information Technology and Innovation Foundation ၏ဒုဥက္ကဋ္ဌ ဒင်နီယယ် ကက်စထရိုက သြဂုတ် ၁ တွင် ပြောကြားခဲ့ သည်။ TikTok ၏ဒေတာစင်တာများသည် တရုတ်ပြင်ပတွင် ရှိပြီး အမျိုးသားလုံခြုံရေး အတွက် ခြိမ်းခြောက်မှု ပြုနေကြောင်း သက် သေပြရန် အထောက်အထား မရှိဟု ၎င်းက ပြောကြားခဲ့သည်။

အသုံးပြုရလွယ်ကူသောကြောင့် ခေတ်စားသော TikTok ကို တရုတ်ကုမ္ပဏီ Bytedance က ၂၀၁၇ ခုနှစ်တွင် တည် ထောင်ခဲ့သည်။ အမေရိကန်နှင့်ဥရောပတွင် ဆယ်ကျော်သက်များအကြား ခေတ်စားသည့် ဗီဒီယိုဝန်ဆောင်မှု Musical.ly ကို Bytedance က ဝယ်ယူခဲ့ပြီး ဝန်ဆောင်မှုကို ပူးပေါင်းခဲ့သည်။ တရုတ်အသုံးပြုသူများအ တွက် Douyin ဟူသောအမည်နှင့် Bytedance ၏ဝန်ဆောင်မှု ရှိသည်။

တရုတ်ပိုင် ကုမ္ပဏီ ဖြစ်သောကြောင့် တရုတ်အစိုးရ တာဝန်ရှိသူများနှင့် အချက်အလက် မျှဝေနိုင်မှု၊ တရုတ်အစိုးရကို ဝေဖန် သော ဗီဒီယိုများကို စိစစ်ပိတ်ပင်မှုကဲ့သို့ စိုး ရိမ်မှုများ ကြီးမားခဲ့သည်။ ဗီဒီယိုများကို စိစစ်ပိတ်ပင်မှု မရှိကြောင်း နှင့် အမေရိကန်အသုံးပြုသူများ၏အချက်အလက်များကို တရုတ်အစိုးရထံ ပေးမည် မဟုတ်ကြောင်း TikTok က ပြောကြားထားသည်။

Crd:


04 Aug 2020     1,451 Views




RELATED

Most Popular of International News

Most Popular of NEWS