ကိုရိုနာဗိုင်းရပ်စ်ကိုတွန်းလှန်တိုက်ခိုက်နေသောသူရဲကောင်းများ
04 Aug 2020 1,471 Views
ကမ္ဘာတလွှားတွင်ကူးစက်ပျံ့နှံ့နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်ပြီး၊ နိုင်ငံရပ်ခြားရှိ ရောဂါကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ လှုပ်ရှားမှုများနှင့်စိတ်ဝင်စားစရာ ဗဟုသုတအကြောင်းအရာတစ်ခုကို ဖော်ပြ ပေးချင်ပါတယ်။ ယခုကာလအတွင်း ဆွီဒင်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း၊ ကော့တ်လန်ကျွန်းရှိ ခရီးသွားဧည့်သည်များနှင့်ဒေသခံများသည် အလယ်ခေတ်က သူရဲကောင်းများဝတ်ဆင်ခဲ့သည့် သံချပ်အင်္ကျီကိုဝတ်ဆင်ပြီး မြင်းစီးကာ မြို့အားလှည့်ပတ်နေသောသူရဲကောင်းများ၏ပုံရိပ်များနှင့် ရင်းနှီးကျွမ်းဝင်နေ ပါတယ်။
သူရဲကောင်းတို့ရဲ့တာဝန်ကတော့ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအစီအမံများဖြစ်သော လက်မကြာခဏဆေးကြောရန်၊ မလိုအပ်လျှင်အိမ်တွင်းသာနေထိုင်ရန်၊ အပြင်သွားရင် ခပ်ခွာခွာနေထိုင်ရန် ပြည်သူများသေချာလိုက်နာဖို့ တိုက်တွန်းနှိုးဆော်သောအလံကို ကိုင်ဆောင်ထားပြီး မြို့အားလှည့်ပတ် လျက်ရှိနေပါ တယ်။ ကော့တ်လန်ကျွန်းပေါ်ရှိ အကြီးဆုံးမြို့ဖြစ်သော ဗစ္စဘီမြို့၏သတင်းဖော်ပြချက်အရ အဆိုပါ အစီအမံများတိုက်တွန်းနှိုးဆော်ရန် အလံကိုင်ဆောင်ပြီး မြင်းစီးသောသူရဲကောင်းများ အားလုံး ၈ ဦးရှိပြီး အလှည့်ကျတာဝန်ထမ်းဆောင်ပေးကြရတယ်လို့ ဆိုပါတယ်။
ထိုသူရဲကောင်းများသည် အထူးသဖြင့် မြို့၏အထင်ကရ ခရီးသွားနေရာများ၊ လူစည်ကားသောနေရာများ၊ စားသောက်ဆိုင်များတွင်လှည့်လည်နေကြရတာဖြစ်ပြီး၊ လူတွေရဲ့စိတ်ဝင်စားမှုကို အများအပြားရရှိခဲ့ပါတယ်။ ဤသူရဲကောင်းများသည် တော်နီယာမန်းတမ်း သူရဲကောင်းအသင်းအဖွဲ့ဝင်များဖြစ်ကာ ပုံမှန်အားဖြင့် နှစ်စဉ်နှစ်တိုင်းနွေရာသီတွင် မြင်းစီးပြီးလှံနှင့်တိုက်ခိုက်ရသောပွဲတော်ကို ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ ကိုဗစ်ကြောင့်ပွဲတော်တော်များများမကျင်းပနိုင်သည့်အတွက် အခုလို အချိန်ပိုင်းအလုပ်ကိုပဲ ဝင်ရောက်လုပ်ကိုင်ရခြင်းဖြစ်ကြောင်း ဆိုပါတယ်။
#popolay #popolaytv #ဗဟုသုတ #Covid19