မင်းလှတွင် ဆိုင်ကယ်အရှိန်လွန်၍ ရေတွင်းထဲသို့ ဆိုင်ကယ်နှင့်လူပါထိုးကျ
04 Aug 2020 1,469 Views
ယနေ့ ဩဂုတ် ၄ ရက်နေ့၊ နံနက် ၀၈ ၁၀အချိန်၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရုံးရပ်ကွက်မြောက်ပိုင်း၊ အမှတ်(၅)ရပ်ကွက်၊ စက်မှုမေတ္တာလမ်းဆုံ၊ လူ(၁)ဦးသည် ဆိုင်ကယ်အရှိန်လွန်၍ ရေတွင်းထဲသို့ ဆိုင်ကယ်နှင့်လူပါ ကျနေကြောင်း သတင်းရရှိသဖြင့် မင်းလှမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ ကျား(၁)ဦး (သေဆုံး)အား (၀၈ ၅၀)အချိန်တွင် ဆယ်ယူနိုင်ခဲ့ပြီး အပ္ပမာဒ နာမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မင်းလှမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သတင်းရရှိကါသည်။
Source : MFSD
#popolay #popolaytv #news #မင်းလှ