BEC-TERO TV

RBE ရထားတွဲခြောက်စီးမြို့ပတ်ရထားလမ်းတွင်ယခုထပ်မံပြေးဆွဲရန်စီစဉ်

02 Oct 2015     1,448 Views


ဂျပန်နိုင်ငံကလှူဒါန်းထားတဲ့ဒီဇယ်မာတီယူနစ်သုံး RBE ရထားတွဲခြောက်စီးကိုပြင်ဆင် နေတာပြီးစီးနေပြီဖြစ်တဲ့အတွက်အခုလထဲမှာပဲရန်ကုန်မြို့ပတ်လမ်းမှာပြေးဆွဲနိုင်ဖို့ခွင့်ပြုချက်စောင့်ဆိုင်းနေတယ်လို့သိရပါတယ်။ဂျပန်နိုင်ငံအစိုးရရဲ့ GGO Fund နဲ့ East Japan Railway ကုမ္ပဏီကနေ ဒီဇယ်မာတီယူနစ်သုံး DMURBE ၁၉ စီးကိုမြန်မာ့မီးရ ထားကိုလှူဒါန်းမှာဖြစ်ပြီးဒီထဲက ၆ စီးကိုတော့သြဂုတ်လအတွင်းက လှူဒါန်းထားတာပါ။ ဒီခြောက်စီးကို မြန်မာ့မီးရထားလမ်းပိုင်းပြေးဆွဲနိုင်ဖို့အတွက် ရန်ကုန် RBE အကြီးစား ပြင်မီးရထားစက်ရုံနဲ့ အင်းစိန်စက်ခေါင်းစက်ရုံတို့မှာပြန်လည်ပြပြင်ခဲ့တာပါ။ထပ်ပြီးလှူဖို့ ကျန်တဲ့ RBE ၁၃ စီးကိုတော့အခုလကုန်မှာ ၄ စီးနဲ့ ၂၀၁၆ ခုနှစ်ဧပြီလမှာ ၉ စီးအသီးသီး ရောက်ရှိလာမှာဖြစ်တယ်လို့သိရပါတယ်။


02 Oct 2015     1,448 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS