BEC-TERO TV

Covid ကပ်ရောဂါဆိုးကြောင့် အရှုံးပေါ်နိုင်ချေရှိတဲ့ Nissan

29 Jul 2020     1,366 Views


ဂျပန်ကားကုမ္ပဏီ နစ်ဆန်းမှ ဒီနှစ်ဘဏ္ဍာနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံလောက် အရှုံးပေါ်နိုင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အခုလို ထိခိုက်မှုဖြစ်ကြောင်း ဒီနေ့(အင်္ဂါနေ့)မှာ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။ ၂၀၂၀ ရဲ့ ပထမလေးလပတ်မှာ ရောင်းအားကျဆင်းခဲ့တဲ့အတွက် ဂျပန်ယမ်း ၂၈၅ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ သန်း) အရှုံးပေါ်ကြောင်း၊ ကပ်ရောဂါဟာ ကားထုတ်လုပ်ရေးကို အကြီးအကျယ်ထိခိုက်ကြောင်း ကုမ္ပဏီရဲ့ ထုတ်လုပ်ရေးအကြီးအကဲ အက်ရှ်ဝါနီဂူတာက ပြောကြားပါတယ်။

ဂျပန်၊ တရုတ်နဲ့ အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ နစ်ဆန်းကားရောင်းချမှုအားမှာ ၅၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။ တစ်နှစ်အတွင်း ရောင်းအားဟာ ၂၁ ရာခိုင်နှုန်း ကျဆင်းနိုင်တဲ့အတွက် ဂျပန်ယမ်း ၇ ဒသမ ၈ ထရီလီယံရှိကြောင်း ပြီးခဲ့တဲ့နှစ်က ရောင်းအားဟာ ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။


29 Jul 2020     1,366 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS