တနင်္သာရီတိုင်း ဘန်းချောင်းကျောက်မီးသွေးတွင်းအနီးရှိ ရေအိုင် သွေးရောင် ပြောင်းပြီး အနံ့ဆိုးထွက်နေ၍ ဒေသခံများ စိုးရိမ်နေ
27 Jul 2020 1,679 Views
တနင်္သာရီတိုင်းဒေသ ကြီး ဘန်းချောင်းကျောက်မီးသွေး တွင်းအနီးရှိ ရေအိုင်မှာ သွေး ရောင်ကဲ့သို့ အရောင်ပြောင်းလဲ၍ အနံ့ဆိုးထွက်နေသဖြင့် အန္တရာယ် ရှိသည့် ဓာတ်ငွေ့များ ပါဝင်နေ မည်ကို ဒေသခံများက စိုးရိမ်နေ ကြောင်း ဘန်းချောင်းမိုင်းစောင့် ကြည့်ရေးအဖွဲ့ဝင် မနော်သလေး ဝါးက ပြောသည်။
ထားဝယ်မြို့နယ် ဘန်း ချောင်းဒေသ ကွမ်းချောင်းကြီး ကျေးရွာရှိ ကျောက်မီးသွေးတူး ဖော်ရေးနေရာမှ စွန့်ပစ်မြေစာပုံ များကို စည်းကမ်းမဲ့စွန့်ပစ်ထား သည့်အတွက် ၂၀၁၅ ကစ၍ မီး လောင်အနံ့ဆိုးထွက်ရှိခဲ့ကြောင်း၊ အဆိုပါမြေစာပုံများကို မီးငြှိမ်း သတ်ရန် ယင်းမြေစာပုံအနီးရှိ မြေကိုတူး၍ မီးလောင်သည့်နေ ရာကို မြေကြီးများဖြင့် ဖုံးအုပ်ရာ မြေတူးသည့်နေရာတွင် ရေအိုင် များဖြစ်ကျန်ခဲ့ကြောင်း ၎င်းက ဆိုသည်။
အဆိုပါရေအိုင်တွင် ပြီးခဲ့ သည့် ဇွန်လကုန်ပိုင်းကစ၍ သွေး ရောင်ကဲ့သို့ ရေများပြောင်းလဲ လာပြီး အနံ့မှာလည်း သွေးညှီနံ့ ကဲ့သို့ အနံ့မျိုးထွက်ရှိနေရာ ယင်း ရေတွင် အဆိပ်သင့်ဓာတ်များ ပါဝင်နေမည်ကို ဒေသခံများက စိုးရိမ်နေခြင်းဖြစ်သည်။ ‘‘ဒီလိုမျိုးက တစ်ခါမှမတွေ့ ဖူးတော့ ဒေသခံတွေက စိုးရိမ် တယ်။ ဘာဖြစ်နေတာလဲဆိုတာ၊ ဘာဓာတ်တွေရှိနေလဲဆိုတာ သိ ချင်တယ်’’ဟု မနော်သလေးဝါး က ပြောသည်။ အဆိုပါရေအိုင်များကို ဒေ သခံများက အသုံးမပြုသော်လည်း မိုးများချိန်တွင် ရေတဖြည်းဖြည်း ပြည့်လျှံကာ အနီးရှိ ချောင်းများအ တွင်းစိမ့်ဝင်မည်ကို စိုးရိမ်သည်ဟု မနော်သလေးဝါးက ပြောသည်။ ‘‘အနားမှာက ကွမ်းချောင်းရှိ တယ်လေ။
အခုထိတော့ ဘယ်သူ မှ လာစစ်ဆေးတာ မရှိသေးဘူး။ ကျွန်မတို့လည်း ဒါကိုစောင့်ကြည့် နေရတယ်’’ဟု ၎င်းကဆက်လက်ပြောသည်။ ကျောက်မီးသွေးစွန့်ပစ်ထား သည့်နေရာများတွင် အများအား ဖြင့် ဆာလ်ဖာ၊ မီသိန်းကဲ့သို့ ဓာတ်ငွေ့များ ပါရှိနေတတ်ပြီး အရောင်ပြောင်းလဲပြီး အနံ့ဆိုး ထွက်ခြင်းနှင့်ပတ်သက်၍ ရေတွင် မည်သည့်ဓာတ်များ ပါဝင်နေ သည်ကို အသေးစိတ်စစ်ဆေး သင့်သည်ဟု သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်က ပြောသည်။ ‘‘ဒါတွေက ယေဘုယျပြော ရင်တော့ လေထုညစ်ညမ်းတာ ပေါ့။ ဒီရေကို စုပ်ထုတ်တာဖြစ် ဖြစ်၊ မြေကြီးပြန်ဖုံးတာဖြစ်ဖြစ် လတ်တလော လုပ်ထားသင့် တယ်’’ဟု ၎င်းကဆိုသည်။
ဘန်းချောင်း ကျောက်မီး သွေးတွင်းကို မြန်မာနိုင်ငံသားပိုင် မေဖလားဝါးကုမ္ပဏီနှင့် ထိုင်းနိုင်ငံ East Star, Thai Asset Mining ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၁၀ ကတည်းက လုပ်ငန်းဆောင်ရွက်ခဲ့ရာ မြေယာသိမ်းယူမှုပြဿနာနှင့် ပတ်ဝန်းကျင် ထိခိုက်မှုပြဿနာများ ကြုံတွေ့ခဲ့ရသည့်အတွက် ဒေသခံများနှင့် ထားဝယ်အရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက်မှုများ ရှိခဲ့သည်။ အဆိုပါကျောက်မီးသွေး တူးဖော်ရေးနေရာမှ စွန့်ပစ်မြေစာပုံများနှင့်ပတ်သက်၍ အဆိုပါကုမ္ပဏီများသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း မရခဲ့ပေ။
Credit : ခိုင်ခိုင်စိုး
#popolay #popolaytv #news