BEC-TERO TV

ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီနှစ်မကုန်ခင်လုပ်ငန်းစတင်နိုင်ရန်ရည်မှန်းထား

01 Oct 2015     1,385 Views


ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီအနေနဲ့ငွေကြေးသက်သေခံကြီးကြပ်ရေးကော်မ ရှင်ဆီကနေခွင့်ပြုချက်ရတာနဲ့စတော့ရှယ်ယာရောင်းချမှုနဲ့အတူဘတ်စ်ကားပြေးဆွဲမှုကိုလည်းစတင်သွားမယ်လို့သိရပါတယ်။ဒီလုပ်ငန်းစဉ်တွေကိုတော့အခုနှစ်မကုန်ခင်စတင်နိုင်ဖို့ရည်မှန်းထားတယ်လို့ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီဥက္ကဋ္ဌဒေါက်တာမောင် အောင်ကပြောပါတယ်။လက်ရှိမှာဘတ်စ်ကားလိုင်းပြေးဆွဲနိုင်ဖို့မော်တော်ယာဉ် ၆၅ စီးမှာယူထားပြီးလာမယ့်အောက်တိုဘာလမှာရောက်ရှိမယ်လို့သိရပါတယ်။ကနဦးအနေနဲ့ဒီဘတ်စ်ကားတွေကိုပြည်လမ်းနဲ့ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်ပြေးဆွဲမှာဖြစ်ပြီး မှတ်တိုင်(၂၁)ခုကိုဒီလမ်းကြောင်းနှစ်ခုပေါ်မှာတည်ဆောက်နေပြီးလို့သိရပါတယ်။ဒီ ဘတ်စ်ကားလိုင်းအတွက်ရင်းနှီးမြှုပ်နှံမှုငွေကျပ် ၂၅ ဘီလီယံနဲ့စတင်မှာဖြစ်ပြီးနိုင်ငံတော် ကငွေကျပ် ၁၀ ဘီလီယံနဲ့အများပြည်သူကိုတော့စတော့ရှယ်ယာတန်ဖိုးငွေကျပ် ၁၅ဘီလီယံဖိုးရောင်းချသွားမယ်လို့သိရပါတယ်။


01 Oct 2015     1,385 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS