မက်ဒေါ်နယ်ဆိုင်ဝန်ထမ်းက ဖောက်သည်အား နှာခေါင်းစည်းတပ်ဆင်ရန်သတိပေးသောကြောင့် မကျေနပ်၍ ထိုးကြိတ်မှုဖြစ်ပွား
22 Jul 2020 1,496 Views
လွန်ခဲ့တဲ့ရက်က Daily Mail သတင်းဌာန၏သတင်းကြောညာချက်အရ ဟောင်ကောင်နိုင်ငံရှိ ကိုဗစ် ၁၉ ကာကွယ်တိုက်ဖျက်ရေးအချိန်ကာလအတွင်းမှာ မက်ဒေါ်နယ် (McDonald’s) စားသောက်ဆိုင်တစ်ဆိုင်သို့ လာသောဖောက်သည်တစ်ဦးက နှာခေါင်းစည်းတပ်ဆင်ရန်သတိပေးသော ဆိုင်ဝန်ထမ်းအား မကျေမနပ်ဖြစ်၍ ဆိုင်ဝန်ထမ်းကို ကိုယ်ထိလက်ရောက်ထိုးကြိတ်သွားသော ရိုင်းစိုင်းသောအပြုအမူ သတင်းတစ်ပုဒ်ကိုဖော်ပြထားပါတယ်။
ဖြစ်ရပ်မှာ ဟောင်ကောင်၊ (Tuen Mun) ခရိုင်၊ ဈေးဝယ်စင်တာတစ်ခုရှိ မက်ဒေါ်နယ်စားသောက်ဆိုင်တစ်ဆိုင် မနက်အချိန်၌ ဆိုင်သို့လာသော လူငယ်စုံတွဲနှစ်ဦးအား နှာခေါင်းစည်းတပ်ဆင်ရန် ဆိုင်မန်နေဂျာကသတိပေးခဲ့ပါတယ်။ သို့သော် ထိုဖောက်သည်အမျိုးသားက မကျေမနပ်ဖြစ်ပြီး ကောင်တာမှ ဆိုင်မန်နေဂျာကို လက်သီးနှင့်ဝင်ထိုးသွားတယ်။ ဆိုင်မန်နေဂျာမှ ရဲကိုခေါ်ရန်အကူအညီလှမ်းအော်နေကာ စိတ်ဆတ်သောထိုအမျိုးသားက ဆိုင်မန်နေဂျာကို ကြမ်းပြင်သို့တစ်ချက်တွန်းချလိုက်ပြီး ခန္ဓာကိုယ်ရောမျက်နှာပါအပါ အချက်ပေါင်းများစွာခြေထောက်နှင့်ကန်ပြီး ယင်းစုံတွဲသည် ဆိုင်ကနေထွက်သွားလိုက်တယ်။ ဆိုင်မန်နေဂျာသည် မျက်နှာ၌ဒဏ်ရာရရှိသွားပြီး ဆေးရုံသို့ပို့ဆောင်ထားရတယ်။
ရဲတပ်ဖွဲ့သည် ဤအဖြစ်အပျက်တိုင်ကြားခြင်းလက်ခံထားပြီး အပြစ်ကျူးလွန်သူအား အမြန်ဆုံးအရေးယူဆောင်ရွက်ရန် စီစဉ်နေပါကြောင်းသိရှိရပါတယ်။ မက်ဒေါ်နယ်ဆိုင်ကိုယ်စားလှယ်၏အဆိုအရ ထိုအဖြစ်အပျက်သည် အတည်ပြုကြောင်းနှင့် စုံစမ်းစစ်ဆေးတာဝန်ယူဆောင်ရွက်ရန် ရဲတပ်ဖွဲ့အားလွှဲပြောင်းပေးကြောင်း ဆိုပါတယ်။ ဟောင်ကောင်အစိုးရ၏ ကပ်ရောဂါကာကွယ်ရေးအစီအမံများကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆိုင်ကဝန်ထမ်းများနှင့်ဖောက်သည်များတို့၏ လုံခြုံရေးအတွက် အဖျားရှိသောဖောက်သည်နှင့် နှာခေါင်းစည်းတပ်ဆင်မထားသောဖေါက်သည်များအား ဆိုင်ကဝန်ဆောင်မှုငြင်းပယ်သွားမည်ဖြစ်ကြောင်း သတင်းဖော်ပြထားတာတွေ့ရှိရပါတယ်။