BEC-TERO TV

လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်ကစ၍ အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်ဖြင့် အခွန်ဆောင်ရမည်

22 Jul 2020     1,476 Views


ကုမ္ပဏီများ အခွန်ဆောင်ရာတွင် ငွေသားဖြင့် ပေးဆောင်သည့်အစား အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်ကို ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြောင်းလဲကျင့်သုံးမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန် ခဲ့ပါတယ်။

COVID-19 ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းစဉ်များ အထောက်အကူပြုစေရန်အတွက် အခွန်ပေးဆောင်ရာတွင် အီလက် ထရွန်နစ် စနစ်များဖြစ်သည့် m-Banking, e-Banking, Mobile Payment များ၊ MPU များဖြင့် ပေးဆောင်ရန် ဘဏ်များနှင့်ချိတ်ဆက်ဆောင်ရွက်ထားပြီး ဖြစ်သည်ဟုဆိုသည်။

ငွေသား (သို့မဟုတ်) ချက် လက်မှတ်ဖြင့် လူကိုယ်တိုင်အခွန် ပေးဆောင်သည့်စနစ်အစား အီလက်ထရွန်နစ်စနစ် ပြောင်းလဲအသုံးပြုခြင်းသည် အချိန်နှင့် ကုန်ကျစရိတ်သက်သာခြင်း၊ မလိုအပ်ဘဲ ငွေကြေးဆုံးရှုံးမှုအန္တရာယ်မရှိခြင်း၊ အလွဲသုံးစားမှုနှင့် မသမာမှုများကို ကာကွယ်ရန်ဖြစ်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ဆိုသည်။

အခွန်ထမ်းကြီးများ၊ လယ်အလတ် အခွန်ထမ်းများ၏ ဝန်ထမ်း လစာဝင်ငွေခွန်ကို သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးများတွင် အခွန်ဆောင်ရသည့်အစား အခွန်ရုံး၏ ဘဏ်ဖြင့်ချိတ်ဆက် အခွန်ဆောင်နိုင်ရန်အတွက် ဆောင်ရွက် လျက်ရှိသည်ဟု ပြည်တွင်းအခွန် များဦးစီးဌာနက ထုတ်ပြန်ထားသည်။

လစာဝင်ငွေခွန်ပေးဆောင်မှုမှတ်တမ်းကို မှတ်တမ်းစာအုပ် ပေးမည့်အစား ဌာန၏ ဒေတာစင် တာတွင် ချိတ်ဆက်ထားသည့် မိုဘိုင်းအက်ပလီကေးရှင်းဖြင့် ချိတ်ဆက်ပြီး အချက်အလက်များ ကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေး မည်ဟုဆိုထားသည်။ လက်ရှိတွင် အခွန်ထမ်းကုမ္ပဏီများသည် ဝင်ငွေခွန်၊ ကုန် သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ရတနာခွန်များကို အီလက်ထရွန်နစ်ငွေပေးချေမှုစနစ်ဖြင့် လွယ်ကူလျင်မြန်စွာ ပေးဆောင်နိုင်ပြီဖြစ်သည်။

အီလက်ထရွန်နစ် ငွေပေးချေစနစ်အသုံးပြု၍ အခွန်ထမ်းပါက အီလက်ထရွန်နစ်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း က အခွန်ငွေပေးသွင်းပြီးကြောင်း အထောက်အထားထုတ်ပေးမည် ဖြစ်သည်။ ထို့နောက် ပြည်တွင်း အခွန်များဦးစီးဌာနက ငွေလက်ခံ ရရှိကြောင်း အီးလ်မေးပေးပို့မည် ဖြစ်သည်။

Credit:

#Popolay #Popolaytv #News #အခွန်


22 Jul 2020     1,476 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS